107

399 19 0
                                    

အခန်း၁၀၇။ ပထမဆုံးသတင်းစာ(၁)

လီယင်သည် ချင်းဟယ်အား အာမခံလိုက်သော်လည်း တကယ်တမ်း ဘာလုပ်ရမည် မသိပေ။ သို့သော်လည်း အရှင်မင်းကြီး လီရှစ်မင်သည် ဤကိစ္စအား စဉ်းစားဆဲဖြစ်ပြီး အတည်ပြုရသေးသည်မဟုတ်၍ အချိန်အနည်းငယ်တော့ ရသေးပေသည်။

ကိစ္စတစ်ခု မပြီးပြတ်သေးခင်မှာပင် စုမောအာသည် နောက်သတင်းတစ်ခုကို ယူဆောင်လာသည်။  ၎င်းမှာ ပထမဆုံး သတင်းစာအသုတ်အား ပုံနှိပ်စာရေးပြီးပြီဖြစ်၍ လီယင့်အနေနှင့် စီစစ်ရန်သာကျန်တော့သည် ဟူသည့် သတင်းပင်ဖြစ်တော့သည်။

အရှင်မင်းကြီး လီရှစ်မင်၏ အကူအညီဖြင့် သတင်းစာလုပ်ငန်းသည် ပို၍ လွယ်ကူသွားလေ၏။ နိုင်ငံ၏ လွှတ်တော်မှ ထုတ်ပြန်လိုက်သော မူဝါဒဆိုင်ရာ် သတင်းအချက်အလက်အချို့ သတင်းဌာနဆီရောက်နေပြီဖြစ်သလို ပြည်သူလူထုထံမှာ သတင်းအသီးသီးကိုလည်း စုဆောင်းပြီးဖြစ်သဖြင့် ပုံနှိပ်ရေးသားပြီးနောက် တည်းဖြတ်သူထံမှ စီစစ်ပြီးသောအခါ သတင်းစာအကြမ်းထည် ပထမအသုတ် ထွက်လာပြီဖြစ်လေသည်။

ထို့ကြောင့် လီယင်လည်း သတင်းစာဌာနသို့ ချက်ချင်းပင်သွားလိုက်၏။ ထိုသို့ရောက်သောအခါ ဝမ်ကျန့်က သတင်းစာအကြမ်းထည်အား ထုတ်ပြကာ -

“ အရှင့်သား.. ဖတ်ကြည့်တော်မူပါ ” ဟု ဆို၍ ကမ်းပေးလိုက်သည်။

လီယင်လည်း ယူကြည့်လိုက်သည်။ ပုံနှိပ်စာပုံစံသည် ၂၁ရာစုခေတ်မှ ပုံစံနီးနီးဆင်တူသောကြောင့် လီယင်လည်း ခေတ်သစ်နည်းပညာဖြင့် လေ့ကျင့်ပေးရကျိုးနပ်သည်ဟု တွေးမိလေသည်။ သူကတော့ သတင်းစာကို မြင်ဖူးနေကျဖြစ်၍ မဆန်းသော်လည်း တခါမှ မမြင်ဖူးသည့်သူများထံမှ ဤကဲ့သို့ ရလဒ်ထွက်လာ၍ လီယင်လည်း ကျေနပ်နေလေသည်။

ဤရှန့်ထန်သတင်းစာကို လီယင်၏ ဆန္ဒအတိုင်း လေးမျက်နှာခွဲထား၏။ ပထမဆုံးစာမျက်နှာ၌ အရှင်မင်းကြီးလီရှစ်မင်အား အမှူးထားကာ လွှတ်တော်တွင်းဆိုင်ရာကိစ္စများဖြစ်သည့် မူဝါဒအပြောင်းအလဲများအကြောင်း၊ အမတ်များ၏ရာထူးတိုးခြင်းများအကြောင်း စသည့်အချက်အလက်များပါဝင်ပြီး ဒုတိယစာမျက်နှာတွင်မူ ပြည်သူတို့၏ ဘဝအခြေအနေအကြောင်းများဖြစ်ကြသည့် လက်ရှိကြုံတွေ့နေရသော ဒုက္ခများနှင့် ၎င်းဒုက္ခများအပေါ် မိမိတို့၏အမြင်များ၊ တရားရုံးတော်အပေါ်အမြင် စသည်တို့ ပါဝင်လေသည်။ တတိယစာမျက်နှာတွင်တော့ လက်ရှိလူနေမှုဘဝအကြောင်းများဖြစ်ကြသည့် မီးလောင်ခြင်းများ၊ လူသတ်မှုများနှင့် ယာဉ်ထိခိုက်မှုများအကြောင်းရေးထား၏။ လေးခုမြောက်စာမျက်နှာတွင်တော့ လီယင်၏ အကြံအစည်အတိုင်းပင် ကြော်ငြာများပြည့်နေသည်။ လောလောဆယ်တော့ လီယင်၏ ထုတ်ကုန်များဖြစ်ကြသော ခေါင်းလျှော်ရည်၊ ဝိုင်နှင့် ရေမွှေးအကြောင်း ကြော်ငြာများဖြင့် ပြည့်နေပေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now