34

774 83 0
                                    

အခန်း၃၄။ မြေနေရာလွတ်


ညအချိန်၏ အမှောင်ယံကို အခွင့်ကောင်းယူကာ ရေတွင်းမှတဆင့် အိမ်အိုလေးဆီသို့ လီယင် ပြန်ခဲ့သည်။ စံအိမ်မှာရှိစဉ်က နှစ်ရက် ဘယ်သူနဲ့မှ မတွေ့၊ ဘယ်သူနဲ့မှ စကားမပြော ဟု မှာထားခဲ့ပြီး သူ၏အခန်းတံခါးကို ပိတ်ထားခဲ့သည်။ ဤသို့‌ပြုလုပ်ရခြင်းအကြောင်းမှာ ခေတ်သစ်သို့ပြန်ကာ ပုံနှိပ်စက်နှင့် စက္ကူထုတ်စက် ပြုလုပ်နိုင်ရန် အချက်အလက်တချို့ အင်တာနက်တွင် သွားရှာလို၍သာ ဖြစ်သည်။

ညလုံးပေါက် လျှောက်ရှာပြီးသောအခါ လီယင်၏စိတ်ထဲ အနည်းငယ် စိတ်ပူလာသည်။ ပုံနှိပ်စက်ကိစ္စမှာ စိတ်ပူစရာ သိပ်မရှိ။ စက်ရုံများမှ လူကိုယ်တိုင်ရိုက်နှိပ်ရသော ပုံနှိပ်စက်မျိုးကို မှာယူကာ ဝယ်လိုက်လို့ရသည်။ အရေးကြီးသည်က ပုံနှိပ်စက်တွင် အသုံးပြုမည့် ခဲသားမှာ ယခုထန်မင်းဆက်ခေတ်တွင် သုံးလျက်ရှိသော ခဲသားနှင့် တူနေရန်သာ လိုသည်။ ဈေးအနည်းငယ်ပိုကြီးလျှင်တောင် ဝယ်နိုင်သည်။

သို့သော်လည်း စက္ကူထုတ်ရန်မှာ ထင်သလောက်မလွယ်ကူပေ။ စက္ကူသား၏ အရည်အသွေးနှင့် အမျိုးအစားကို အလွယ်တကူပိုကောင်းအောင်လုပ်နိုင်သော်လည်း စက္ကူအမြောက်အများထုတ်လုပ်နိုင်ရန်အတွက် လူအင်အားများစွာ မဖြစ်မနေလိုအပ်ပေသည်။ စက္ကူထုတ်စက်ရုံတည်ထောင်မှသာ ရနိုင်ပေမည်။

အဆိုပါ နှစ်ရက်အတွင်းမှာပင် လီယင်သည် စက်ရုံအချို့ဆီသို့ သွားကာ သူလိုချင်သော ပုံနှိပ်စက်မျိုး အများအပြားကို မှာယူနိုင်ခဲ့လေသည်။ လီယင်၏ တောင်းဆိုချက်မှာ ရှင်းသည်။ ပုံနှိပ်စက်များ၏ ပုံစံကို ရှေးကျနိုင်သလောက်ကျအောင် ထုတ်ခိုင်းလေရာ စက်ရုံအလုပ်သမားများမှာ လီယင်အား စိတ်မနှံ့ရှာဘူး ဟူ၍တောင် ထင်နေတော့လေသည်။

ဤသို့ဖြင့် စံအိမ်သို့ပြန်ရောက်သောအခါ ကျင်းတချမ်အား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စံအိမ်၌ ကိစ္စအထွေအထူး ရှိမရှိ မေးလေသည်။ သူကြွယ်အချို့ လာရှာသည်ကလွဲ၍ တခြားကြီးကြီးမားမား ကိစ္စမရှိပေ။

“ အိမ်တော်ထိန်းကျင်း၊ ကိုယ်တော်တို့ စံအိမ်အနေနဲ့ တခြားမြေယာပိုင်ဆိုင်မှုတွေများ ရှိသေးသလား။ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now