45

612 57 0
                                    

အခန်း၄၅။ပဋိပက္ခများ

လောလော‌လတ်လတ်တွင် အဆောက်အဦီးသုံးခုလုံး၌ အုတ်နံရံများဆောက်ပြီးလေပြီ။ အမိုးကတော့ ဆောက်လုပ်နေဆဲရှိသေးသည်။ လက်ရှိအခြေအနေကိုကြည့်၍ အဆောက်အဦးအားလုံးဆောက်လုပ်ပြီးစီးရန် ရက် ၂၀ခန့် ကြာဦးမည်ဟု ခန့်မှန်းရမိသည်။

အဆိုပါ အဆောက်အဦးသုံးခုတွင် စက္ကူထုတ်စက်ရုံမှာ အကြီးဆုံးဖြစ်ပြီး မြေကွက်အကျယ်၏ စတုရန်းဧရိယာ ၆၀၀၀ မျှ နေရာယူထားသည်။ အဘယ်ကြောင့်ဆိုသော် စက္ကူထုတ်လုပ်ရန်အတွက် လုပ်ငန်းအဆင့်ဆင့် မလုပ်မဖြစ်လိုအပ်သောကြောင့် ဖြစ်လေသည်။

ပထမဆုံးအနေနှင့် ကုန်ကြမ်းပစ္စည်း သိုလှောင်ရမည့် စတိုခန်းလိုအပ်သည်။ နောက်ပြီး ကုန်ကြမ်းပစ္စည်းများ ဖြတ်တောက်လှီးဖြတ်ရန်နေရာ၊ ဆေးကြောရမည့်နေရာ၊ ထုံးရည်စိမ်ရမည့်နေရာ၊ ချက်ရမည့်နေရာ၊ ထုရိုက်ခြေမွရမည့်နေရာ၊ စက္ကူသားလုပ်ရမည့်နေရာ၊ အခြောက်ခံရမည့်နေရာ စသဖြင့် လုပ်ငန်းဆောင်တာအဆင့်ဆင့် လုပ်ရမည်ဖြစ်ရာ နေရာကျယ်ကျယ်ဝန်းဝန်းလိုအပ်ပေသည်။ မည်မျှပင် နည်းပညာတိုးတက်လာလာ ဤအဆင့်များကို ချန်လှပ်ထား၍ လုံးဝမရချေ။

ကျန်သည့် ဝိုင်ချက်စက်ရုံနှင့် ပုံနှိပ်စက်ရုံများကတော့ စတုရန်းမီတာ ၁၀၀၀ မျှသာ နေရာယူထားသဖြင့် စက္ကူထုတ်စက်ရုံနှင့်ယှဉ်လျှင် သိသိသာသာ သေးငယ်လေသည်။

လှည့်ပတ်ကြည့်ပြီးသွားသောအခါ ဆောက်လုပ်ရေးမှာ ပြောရလောက်အောင် သိပ်မပြီးသေးသဖြင့် လီယင်လည်း အများသူငှာ၏ ဆန္ဒအရ အရက်ဆိုင်သွားမည့်အကြံကို လက်ခံလိုက်ကာ ချမ်ဟွိုက်လျန့်တို့သုံးယောက် ခြံရံလျက် လီချွန်းယွမ်ပြည့်တန်ဆာအိမ်ဆီသို့ ဦးတည်လိုက်တော့သည်။

“ သခင်လေးခြောက်၊ ဒီဘက်ကိုကြွပါ ”

ပြည့်တန်ဆာအိမ်ထဲသို့ မင်းသားတစ်ယောက် ဝင်လိုက်ထွက်လိုက်လုပ်နေသည့်အကြောင်းသာ သတင်းပျံ့သွားလျှင် တော်ဝင်မိသားစု သိက္ခာကျပေမည်။ လီယင်ကိုလည်း လူတော်တော်များများမသိကြသဖြင့် သိုဝှက်စွာပင် သခင်လေးဟူ၍သာ ခေါ်လိုက်ကြသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Tahanan ng mga kuwento. Tumuklas ngayon