118

314 19 0
                                    

အခန်း၁၁၈။ လီယင်၏ ဗျူဟာ ( အပိုင်း - ၂ )

လီယင်ပြောပြီးသွားသည်နှင့် ကြင်ယာတော်ယန်က -

“ အကြံကတော့ ကောင်းပါတယ်။ သားတော်ရဲ့ ဖခမည်းတော်က လက်ခံပါ့မလား ” ဟု မေးလိုက်သည်။

“ ဘာမှ မစိုးရိမ်ပါနဲ့ မယ်တော်ရယ်။ သားတော် ကြည့်စီစဉ်လိုက်ပါမယ် ” ဟု လီယင်က ရယ်ကာ ပြောလိုက်လေသည်။

“ တကယ်ပဲလား .. သားတော်ရဲ့ ဖခမည်းတော်ကို စိတ်ဆိုးအောင်တော့ မလုပ်မိလောက်ဘူး မဟုတ်လား ”

ကြင်ယာတော်ယန်က စိတ်ပူနေဆဲပင်။

ချင်းဟယ်ကတော့ လီယင်အား မျှော်လင့်တကြီးဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

“ အစ်ကိုတော် .. ဟွိုက်လျန့်ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ယွီချိပေလင်းရဲ့ ကွန်ဖူးသိုင်းက တော်တော်အဆင့်မြင့်တယ်လို့ ကြားဖူးတယ် ”

“ ဟွိုက်လျန့် .. ဟုတ်လား။ တရားကျဖို့ကောင်းချက်။ ချမ်ဟွိုက်လျန့်ထိခိုက်မှာကျစိတ်ပူပြီး ကိုယ့်အစ်ကိုထိခိုက်မှာကျ စိတ်မပူဘူးပေါ့လေ ” ဟု လီယင်က ရင်နာနာနှင့် ပြောရှာသည်။

“ ဟီးဟီး.. ဘာလို့လဲဆိုတော့ ညီမတော်က သိတယ်လေ။ အစ်ကိုတော် ခြောက်က သူများကိုပဲ အနိုင်ကျင့်ဖူးတာ။ အနိုင်ကျင့်ခံရမယ့်သူ မဟုတ်ဘူးဆိုတာ သိတယ်လေ .. ” ဟု ပြောကာ ချင်းဟယ်က ရယ်လေသည်။

ကြင်ယာတော်ယန်ကတော့ လီယင်ကို စူးစိုက်ကြည့်လိုက်ကာ -

“ သနားမနေနဲ့။ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးပြီဆိုတော့ ဆက်လုပ်ရမှာပဲ။ ချင်းဟယ်လေးက မယ်တော့်လက်ပေါ်မှာပဲ ကြီးလာတဲ့ကလေးမို့ သူ့အနာဂတ်အတွက်၊ သူပျော်ရွှင်ရဖို့အတွက်ဆိုတော့ မယ်တော်လည် မငြင်းတော့ပါဘူး ” ဟု ပြောလိုက်လေတော့သည်။

ကြင်ယာတော်ယန် သဘောတူလိုက်သည်နှင့် လီယင်လည်း ပိုမိုစိတ်အေးသွားတော့သည်။

“ သားတော်တို့ မျက်မြင်သက်သေနှစ်ယောက် လိုသေးတယ် ”

“ ဘာမျက်မြင်သက်သေတုန်း ”

“ စစ်ကျီနဲ့ လီကျစ်တို့ပေါ့။ သူတို့နှစ်ယောက်ကိုပါ ချင်းဟယ်နဲ့ ထည့်ပေးလိုက်ရမယ်။ အဲ့ဒါမှ ဧကရီဘုရင်မကြီးကို ပြောပြတဲ့အခါ သူမယုံချင်လည်း ယုံရမှာပဲ။ ဧကရီဘုရင်မကြီးသာ လက်ခံလိုက်ပြီဆိုရင် သားတော်တို့အတွက် ပိုပြီး လွယ်ကူသွားမှာပါ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now