58

585 56 0
                                    

အခန်း၅၈။ ကိုယ်ပိုင်ကျွန်

ရေမွှေးအရောင်းအဝယ်ကိစ္စ လမ်းကြောင်းမှန်ပေါ် ရောက်သွားသည်နှင့် စံအိမ်တော်၏ ဝင်ငွေများလည်း တဟုန်ထိုးမြင့်တက်သွားလေသည်။ ရေမွှေးဝယ်ယူရန် ရောက်လာကြသော ကုန်သည်များမှာ ချမ်အန်းပြည်အတွင်းမှသာမကပဲ ပါရှား၊ တာရှစ်၊ ထျန်းကျူး၊ ချမ်းလာစသော အခြားနိုင်ငံများမှ ကုန်သည်များပါ ပါဝင်လေသည်။ လျန့်စံအိမ်တော်ရှေ့တွင် စောင့်ဆိုင်းနေကြသော ကုန်သည်လူတန်းကြီးမှာ ကြားမှ ရေပင် ဖြတ်မစီးနိုင်လောက်အောင် ပြည့်ကြပ်နေလေတော့သည်။

ဤကဲ့သို့ အကြီးအကျယ်အောင်မြင်လျက်ရှိသည်ကို တွေ့မြင်နေရသော ထုံနျန်မှာ နောင်တကြီးစွာရကာ ရက်အနည်းငယ်လောက် ထမင်းစားမဝင်ပေ။ လီယင်မင်းသားက သူ့အား ဆက်လက်ရောင်းဝယ်ခွင့် ပြုနေသေးသည်ကိုပင် ကျေးဇူးတင်ရပေမည်။ သို့သော်လည်း လျန့်စံအိမ်တော်၏ ရောင်းအားနှင့်ယှဉ်လျှင် ဆယ်ဆ တစ်ဆခန့် ကွာနေရာ အမြတ်မှာလည်း ကြာလေ ကွာဟလေသာ ဖြစ်နေတော့၏။

“ အရှင့်သား၊ အရှင့်သား မှာကြားထားတဲ့အတိုင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရောင်းရသမျှစာရင်းတွေ လုပ်ထားပါတယ်။ နယ်ခံကုန်သည်တွေကတော့ စုစုပေါင်း ကြေးပြား ၆၄၀၀၀၀ဖိုးဝယ်ယူကြပါတယ်။ ပြည်ပကုန်သည်တွေကတော့ စုစုပေါင်း ‌ကြေးပြား ၆၁၂၀၀၀ ဖိုး ဝယ်ယူကြပါတယ် ”

စုမောအာက စာရင်းစာအုပ်အား ဖတ်ပြသည်။

“ မဆိုးဘူးပဲ ”

စာရင်းကို နားထောင်ပြီး လီယင် အနည်းငယ် အံ့ဩသွားသည်။ ပြည်ပကုန်သည်များမှ ဤမျှ ဝယ်ယူအားများမည်ဟု မထင်ခဲ့။ ယခင်ကတည်းက အိမ်တော်တံခါးဝတွင် ဆံပင်ရွှေရောင်ရှိ ကုန်သည်အမြောက်အများကို တွေ့နေရသောကြောင့် ပြည်ပကုန်သည်များ၏ ဝယ်လိုအားကို သိချင်၍ ပြည်တွင်းနှင့် ပြည်ပ ရောင်းအားကို စုမောအာအား ခွဲခြားမှတ်ခိုင်းထားခဲ့ခြင်းဖြစ်သည်။ ရလဒ်ကတော့ အံ့မခန်းပင်။ ပြည်တွင်းနှင့် ပြည်ပ ဝယ်လိုအား သိပ်မကွာချေ။

သမိုင်းရာဇဝင်များတွင် ဖတ်ရသည်ကတော့ ထိုအချိန်က ထန်မင်းဆက်ခေတ်၏ ပြည်ပကုန်သွယ်ရေးတင်ပို့နိုင်မှုမှာ တကမ္ဘာလုံးအတိုင်းအတာ၏ ၆၀ ရာခိုင်နှုန်းမျှသာရှိရာ များသည်ဟု မဆိုနိုင်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now