127

263 18 0
                                    

အခန်း၁၂၇။ ချန်၏ အကြောင်း။

“ ဟုတ်တယ် .. ရှန့်ထန်ကုန်သည်အသင်းကို မင်းဦးစီးပါ။ အဲ့ဒီ့ကုန်သည်များအသင်းကို တည်ထောင်ပြီးကတည်းက အသင်းက ဒီအတိုင်းကြီး တာဝန်တွေလစ်လပ်နေတာ။ ကုန်ပစ္စည်းတွေ ရောင်းအားကောင်းပေမယ့် သတင်းစာအားနဲ့ နှုတ်အားကိုပဲ အားကိုးနေလို့လည်း မရသေးဘူး။ ထန်နိုင်ငံတော်မှာ ချမ်အန်းအပြင် တခြားနေရာတွေလည်း ကျန်သေးတယ်။ အဲ့ဒီ့နေရာတွေကနေ အခုထိ ငွေမရှာနိုင်သေးဘူးလေ။ ဒါကြောင့် ကိုယ်တော့်ရဲ့ ကုန်ပစ္စည်းတွေကို တကမ္ဘာလုံးအနှံ့ ရောက်အောင် ဖြန့်ကျက်ပေးမယ့်လူ လိုတယ်။ မင်းမှာ အဲ့လိုလုပ်နိုင်မယ့် ယုံကြည်ချက်ရှိသလား ”

လီယင်သည် သူ၏ စိတ်ကူးအိပ်မက်အကြီးကြီးအား ပုံဖော်ပြောကြားလိုက်လေ၏။

လီယင့်စကားကြောင့် ထုံနျန်မှာ အလွန်ထိတ်လန့်အံ့ဩသွားလေသည်။ လီယင်ပြောသည့်အရာသည် သူ့ဘဝတစ်လျှောက်လုံး အိပ်မက်မက်ခဲ့ရသည့် အိပ်မက်ပင်မဟုတ်လား။ ထို့ကြောင့် လီယင့်အား သတိလက်လွတ်ငေးကြည့်မိနေရင်းနဲ့မှ မြေပေါ်သို့ ခေါင်းငိုက်စိုက်ချ ကြည့်လိုက်ကာ -

“ အရှင့်သားရဲ့ ကျေးဇူးကို ကျွန်တော်မျိုးဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော်မျိုးအသက်ရှင်နေသမျှ ကာလပတ်လုံးမှာ ဒီရှန့်ထန်ကုန်သည်အသင်းရဲ့မှတ်ကျောက်ကို ကမ္ဘာအနှံ့စိုက်ထူနိုင်အောင် ကြိုးစားသွားပါ့မယ် ” ဟု ဝမ်းနည်းဝမ်းသာစွာဖြင့် ပြောရှာလေ၏။

လီယင်လည်း ထုံနျန်ကို ဖေးမထူလိုက်ပြီးနောက် ကျင်းတချမ်အား -

“ ကဲ .. ထုံနျန်ကိုခေါ်သွားပြီး ရေချိုးသန့်စင်ပေးလိုက်ပါ။ ဝတ်ဖို့ရာအတွက်လည်း သန့်ရှင်းတဲ့ အဝတ်တွေကို ထုတ်ပေးလိုက်။ ဒီနေ့ကစပြီး ထုံနျန်ဟာ ကိုယ်တော်တို့စံအိမ်တော်ရဲ့လူဖြစ်သွားပြီ ” ဟု မှာကြားလိုက်လေတော့သည်။

“ ဟုတ်ကဲ့ပါ အရှင့်သား ”

ကျင်းတချမ်လည်း ထုံနျန်အား ပြုံး၍ကြည့်လိုက်ကာ -

“ ထုံနျန် .. ကျုပ်အရင်တုန်းက ခင်ဗျားနဲ့ အလုပ်တွဲလုပ်ချင်တဲ့အကြောင်း ခဏခဏပြောခဲ့ဖူးတာ .. အခုတော့ ကျုပ်ဆုတောင်းပြည့်ပြီပေါ့ဗျာ ” ဟု ပြောလိုက်လေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Où les histoires vivent. Découvrez maintenant