101

440 29 0
                                    

အခန်း၁၀၁။ လီရှစ်မင်အား ဂျင်းထည့်ခြင်း

“ တကယ်လား… သားတော် ”

လီရှစ်မင်၏မျက်နှာတွင် ခုနက ဖြစ်ပေါ်ခဲ့သော စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အရိပ်အယောင်များ ချက်ချင်းပျောက်သွာပြီး လီယင့်အား အားကိုးတကြီးဖြင့် ကြည့်လိုက်၏။

လီယင်ကလည်း အစွမ်းကုန်အကြံထုတ်နေရဟန်ဖမ်းကာ -

“ ဒီနာရီဟာ အင်မတန်းဈေးကြီးလွန်းတာကြောင့် သားတော် ဆယ်လုံးပဲ ဝယ်ယူခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ ပစ္စည်းအများကြီး ကျန်နေသေးတော့ သားတော် အဲ့ဒီ့ကို ပြန်ရောက်တဲ့အခါ အားလုံးဝယ်ခဲ့လိုက်ပါ့မယ် ” ဟု ပြောပြလိုက်သည်။

“ ဒါပေါ့ သားတော်။ အဲ့လိုလုပ်တာ အကောင်းဆုံးပဲ။ ဒါပေမယ့် ဖခမည်းတော်က သားတော်တစ်ယောက်တည်းကိုပဲ ဒုက္ခခံခိုင်းမှာမဟုတ်ပါဘူး။ ဒီနာရီကို ဟွားရှကုန်သည်ဆီက ဝယ်တုန်းက ဘယ်လောက်‌ပေးခဲ့ရလဲ .. ပြော။ ဖခမည်းတော် လိုသလောက်ထုတ်ပေးမယ် ”

“ သားတော် မကွယ်ဝှက်တမ်း လျှောက်တင်ရရင် နာရီတစ်ခုကို ကြေးပြားတစ်ထောင်ကျသင့်ပါတယ် ဖခမည်းတော် ” ဟု ပြောလိုက်ရင်း လီယင်သည် လီရှစ်မင်၏ မျက်နှာအား အကဲခတ်လိုက်သည်။ လီရှစ်မင်မှာ မျက်မှောင်ကြုတ်သွားလေ၏။ အလွန်ဈေးကြီးသည်မဟုတ်ပေလား။

ထန်နိုင်ငံသည် ယခုအချိန်မှာတော့ အင်အားတောင့်တင်းနေပြီဖြစ်သော်လည်း နိုင်ငံတော်မှာ သယံဇာတမကြွယ်ဝသောကြောင့် ဤနိုင်ငံ၏ ဘုရင်တစ်ယောက်အနေနှင့် လီရှစ်မင်သည် အစစအရာရာကို ထည့်သွင်းစဉ်းစားရသည်။ နိုင်ငံပိုင်ဘဏ္ဍာကို အကျိုးရှိရှိသာ အသုံးချသင့်ပေသည်။

လီယင်၏ စကားကိုကြားပြီးသောအခါ ဧကရီချန်စွန်းကလည်း -

“ အရှင်မင်းကြီး … ဒီကိစ္စကို မေ့လိုက်တာပဲ ကောင်းမယ်ထင်ပါတယ်။ တန်ဖိုးကြီးလှပါတယ်။ ဝန်ကြီးတွေကို လူရွေးပေးမယ်ဆိုရင်လည်း ဟိုဝန်ကြီးကရပြီး ဒီဝန်ကြီးကမရတဲ့အခါ မရလိုက်တဲ့ဝန်ကြီးတွေဟာ အရှင်မင်းကြီးရဲ့ လုပ်ရပ်အပေါ် စောဒကတက်ကြပါလိမ့်မယ်။ အဲ့လိုမဖြစ်ရအောင် အားလုံးကို ပေးမယ်ဆိုရင်လည်း ငွေပမာဏက အရမ်းများလွန်းပါတယ် အရှင်မင်းကြီး …. ” ဟု ဖျောင်းဖျသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now