49

568 56 0
                                    

အခန်း၄၉။  ချင်ဟွိုက်ယွီ

ချင်ဟွိုက်ယွီလည်း မထီမဲ့မြင်ပုံစံဖြင့် ပြုံးလိုက်သည်။ သူ၏ဖခင် ထားသွားချိန် ငယ်စဉ်ကတည်းက မြှားပစ်ကျင့်နေခဲ့သည်ဖြစ်ရာ ချင်ဟွိုက်ယွီမှာ ကိုယ်ခံပညာတော်သည်ဟု ပြောနိုင်သည်။

“ ဘယ်လိုအရူးကောင်မျိုးလဲကွာ ”

ချမ်ဟွိုက်လျန့်က မချိတင်ကဲရေရွတ်ကာ ထရပ်လိုက်သည်။

“ ကာထားတဲ့ သစ်သားတန်းတွေကြောင့်သာမဟုတ်ရင် တချီလောက် ယှဉ်ချပစ်တယ် ”

လီယင်ကတော့ ထိုလူငယ် အတိုက်အခိုက်တော်မတော်ကို စိတ်မဝင်စား။ သူစိတ်ဝင်စားသည်က ထိုလူငယ်သည် ချင်းချုံး၏သား ဟုတ်မဟုတ်ပင်။ ထောင်စောင့်ပြောသွားသည့်အကြောင်းအရာများကို ယောင်ဝါးဝါးပြန်တွေးကာ လီယင်က တစ်ခုစဉ်းစားမိလိုက်ပြီး ထိုလူငယ်အား ပြောလိုက်သည်။

“ ညီလေး၊ခုနက ထောင်စောင့်ပြောသွားတဲ့ မြို့စားမင်း ရီချင်းချုံးကို အစ်ကိုသိတယ် ” 

လီယင်က ပြောလက်စကို ရပ်ထားတာ လူငယ်၏ မျက်နှာအမူအရာအား အကဲခတ်‌လိုက်သည်။ ချင်ဟွိုက်ယွီ၏ မျက်နှာအမူအရာကား သိသိသာသာပင် ပြောင်းသွားလေသည်။ ထို့ကြောင့် လီယင်က ဆက်၍ -

“ အဲ့ဒီ ရီမြို့စားမင်းဟာ ကျန်းမျိုးနွယ်နဲ့ အကြောင်းပါပြီး နောက်နှစ်နည်းနည်းကြာတော့ သားလေးတစ်ယောက်မွေးတယ်။ သားလေးနာမည်က ချင်ဟွေ့တောင်တဲ့ကွ။ ညီလေးက ဟန်ဆောင်မယ်ဆိုရင်လည်း သေချာသိအောင်တော့လုပ်ထားဦးမှပေါ့ ” ဟု ပြောလိုက်ရာ အဆိုပါ လူရွယ်က -

“ ကျုပ်က ဟန်ဆောင်တာမဟုတ်ဘူး။ ကျုပ်ငယ်ငယ်လေးကတည်းက ကျုပ်အမေက ပြောပြထားပြီးသား။ ကျုပ်အဖေက ချင်းချုံးတဲ့။ လီမီဘက်မှာ ခိုလှုံပြီးတာနဲ့ ကျုပ်နဲ့ ကျုပ်အမေကို လာခေါ်မယ်ဆိုပြီး ပြောခဲ့တာဗျ။ ကျောက်စိမ်းလည်ဆွဲကို ထက်ခြမ်းခြမ်းပြီးတောင် အမေ့ဆီ ထားခဲ့သေးတယ်။ ကျုပ်အမေက လိမ်စရာမရှိဘူး။ အဲ့ဒါကျုပ်အဖေအရင်းဗျ ” ဟု ချေပပြောဆိုတော့သည်။
ထိုအခါ လီယင်က -

“ ညီလေးပြောတာသာ အမှန်ဆိုရင် ဘာလို့ အခုလိုအဖမ်းခံနေရတာလဲ ” ဟု ဆက်မေးရာ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now