125

349 24 0
                                    

အခန်း၁၂၅။ ဇနီးအား ခြောက်လှန့်ခြင်း

ကြိမ်ဒဏ်သင့်ပြီးနောက် ကျင်းတချမ်သည် ထော့နဲ့ထော့နဲ့ဖြင့် အိမ်သို့ ပြန်လာခဲ့၏။ ၎င်းအိမ်သို့ ပြန်ရောက်သောအခါ တံခါးဝမှ ဝင်လိုက်သည်နှင့် အိမ်အတွင်းမှ အမျိုးသမီးတစ်ဦးသည် စိုးရိမ်တကြီးပြေးလာကာ -

“ သခင်ကြီး .. ဘာဖြစ်လာတာပါလဲ ” ဟု မေးလိုက်လေသည်။

ကျင်းတချမ်သည် စိတ်ဆိုးဒေါသထွက်စွာဖြင့် -

“ မင်းကြောင့်ပေါ့ အမိုက်မရဲ့။ အဲ့ဒီ့ကုန်သည်တွေဆီက လက်ဆောင်ပစ္စည်းတွေ မယူပါနဲ့ .. မယူပါနဲ့လို့ ငါအတန်တန်မှာတယ်။ မင်းမှ နားမထောင်ခဲ့တာ။ အခုတော့ ကြည့်။ အဲ့ကိစ္စကို အရှင့်သားက သိသွားလို့ ငါ့ကို ကြိမ်ဒဏ်အချက်နှစ်ဆယ်ပေးလိုက်တာ။ အားလားလား .. ဖင်တွေနာလိုက်တာ ... ” ဟု ညည်းညူလေသည်။

ထိုစကားကို ကြားလိုက်သောအခါ အဆိုပါအမျိုးသမီး၏မျက်နှာမှာ ဖြူလျော်သွားလေ၏။ ငွေမက်သော်လည်း ဤကိစ္စကိုတော့ လျစ်လျူရှုမထားရဲ။

“ သခင်ကြီး .. အဲ့ဒါဆို ကျွန်မဘာလုပ်ရမလဲ ”

ကျင်းတချမ်ကို ရိုက်သော ကြိမ်ချက်မှာ တကယ်တော့ အားမပြင်းသဖြင့် သိပ်မနာပေ။ သူ့ဇနီး ကြောက်လန့်သွားစေရန်အတွက် တမင်သပ်သပ်နာဟန်ဆောင်နေခြင်းသာဖြစ်၏။ ထို့ပြင် ကျင်းတချမ်ကပင်ဆက်၍ -

“ အရှင့်သားကပြောသေးတယ်။ နောက်တစ်ကြိမ်သာဖြစ်ခဲ့ရင် ငါ့ခေါင်းကို ဖြတ်ပစ်မယ်တဲ့ ” ဟု ဖြဲခြောက်လိုက်သောအခါ ၎င်းအမျိုးသမီးမှာ ထိတ်လန့်သွားပြီး လက်ဖျား ခြေဖျားများပင် အေးစက်လာလေသည်။ ၎င်းတို့ မိသားစုသည် ယခင်က အလွန်ဆင်းရဲခဲ့ဖူးသည်။ ကျင်းတချမ်သာ ဤစံအိမ်တော်တွင် အလုပ်မရခဲ့လျှင်၊ လုပ်အားခများတိုးမလာခဲ့လျှင် ၎င်းတို့မိသားစု ယခုလို အဆင်ပြေပြေနေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျင်းတချမ်၏ ဇနီးသည် -

“ သခင်ကြီး၊ ကျွန်မ နောက်တစ်ခါ ဒါမျိုးမလုပ်တော့ပါဘူး။ မလုပ်ရဲတော့ပါဘူးရှင်။ ပိုက်ဆံတွေလည်း ပြန်ယူသွားပြီး အရှင့်သားဆီကိုသာ ပြန်ပေးလိုက်ပါ‌တော့ ” ဟု ပြောကာ ‌ကြောက်ရွံ့မှုကြောင့် စတင်ငိုကြွေးလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now