141

240 16 0
                                    

အခန်း၁၄၁။ ချောက်ချခံရခြင်းအဖြစ်

လီထိုက်၏ ညာဘက်တွင်လည်း အခြားလူတစ်ယောက်ရှိသေးသည်။ အဆိုပါသူမှာ အနီရောင် လည်ဝိုင်းဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်နှာမှာ ထက်မြက်ပုံရသည်။ အဆိုပါလူကတော့ ချိုက်ရှောင်၏ သားဖြစ်သလို သူနှင့်လည်း ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် ချိုက်လင်းဝူပင်။ သူ၏မိခင်မှာ ဘိုးဘေးလီယွမ်၏ သမီးတော်ဖြစ်သူ မင်းသမီး ဖင်းယန်ကျောက်ဖြစ်၏။

ဖန့်ယီအိုက်၏ စကားကိုကြားသောအခါ ချိုက်လင်းဝူက -

“ နောက်တတိယငှက်တော့ မင်းသားလီခယ့်များလား … ။ လီခယ့်မင်းသားကသာ လီယင်မင်းသားကို ညီအစ်ကိုလို သဘောထားပေမယ့် လီခယ့်ရဲ့ နောက်လိုက်တွေကတော့ ကြည်ဖြူမယ်မထင်ဘူး။ လီခယ့် နန်းတက်ရမှသာ သူတို့ပါ ကောင်းစားမှာလေ။ လီယင်အခုလိုဖြစ်သွားတာ သူတို့ဝမ်းတောင်သာနေဦးမယ်။ လီခယ့်ကို မသိမသာ ကူညီပေးနေသလိုတောင် ဖြစ်နေပြီ ” ဟု ‌ဝင်ပြောလိုက်သည်။

“ မဟုတ်ဘူး။ အဲ့ဒါမှ တကယ် တတိယငှက်ပဲ။ မင်းသားလီခယ့်ရဲ့နောက်လိုက်တွေသာ မင်းသားလီယင့်ဘက်က ရပ်တည်မပေးရင် လီယင်နဲ့ လီခယ့် မင်းသားနှစ်ပါးကြား အခြေအနေတင်းမာလာပြီး သူစိမ်းတွေဖြစ်ကုန်ကြမယ်။ အဲ့ကနေမှ ရန်သူတွေအထိ ဖြစ်လာနိုင်တယ်။ အဲ့ဒါကမှ တတိယငှက်ပဲ ” ဟု ဖန့်ယီအိုက်က ပြန်ရှင်းပြလိုက်လေသည်။

လီထိုက်က ခေါင်းညိတ်လိုက်ကာ -

“ နိုင်ငံတော်ပုန်ကန်မှုနဲ့တော့ လီယင်က အပြစ်ပေးခံရမှာမဟုတ်ဘူး။ အခုအချိန်မှာ လီယင်ရဲ့ ဂုဏ်သိက္ခာကျဆင်းနေတာမှန်ပေမယ့် ကောလဟာလထွက်လာတဲ့အချိန်က ရှဲ့လီလွတ်သွားတဲ့အချိန်နဲ့ နီးလွန်းတယ်။ အဲ့ဒီ့တော့ ချန်ရဲ့ စနက်မှန်း၊ ကောလဟာလမှန်း သိသာသွားတယ်။ တကယ်လို့သာ နည်းနည်းနောက်ကျပြီး လောရှောင်ရီဟာလည်း ဖခမည်းတော်ကို လုပ်ကြံပြီးသွားခဲ့ရင်တော့ သေချာပေါက် သေဒဏ်ပဲ။ နှမြောစရာကောင်းလိုက်တာ … ”

“ အရှင့်သား … စိတ်ပူတော်မမူပါနဲ့။ သူ့ကို သေဒဏ်ပေးလို့ မရပေမယ့် ချမ်အန်းကနေ မောင်းထုတ်ပစ်လို့တော့ ရပါတယ်။ ပုန်ကန်မှုနဲ့ စွပ်စွဲခံထားရတဲ့ မင်းသား‌ကို ဒီမှာ ဆက်ထားမယ်ဆိုရင် လွှတ်တော်တစ်ခုလုံး ကန့်ကွက်ကြမှာပါ။ အရှင်မင်းကြီးဟာလည်း မတတ်သာပဲ အမတ်ကြီးတွေရဲ့ အကြံကို နားထောင်ရမှာပဲ ” ဟု ဖန့်ယီအိုက်က လျှောက်လိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now