60

582 50 0
                                    

အခန်း၆၀။ လောရှောင်ရီ

“ မြောက်ပိုင်းမှာ တုနှိုင်းမဲ့အလှနဲ့ အလှပဂေးလေးတွေ ပေါများလှတယ်။ ချင်းရမ်မြို့ကို မသိရင်သာနေမယ်။ မိန်းမလှလေးတွေအကြောင်းကိုတော့ မသိတဲ့သူ မရှိလောက်ဘူး။ ပြီးတော့ ဒီနေရာမျိုးကို အခုလို မိန်းမ‌လှလေးတွေ လာခဲတယ်မဟုတ်လား ”

လုပါးယန်ရှေ့တွင် ရပ်နေသော မိန်းကလေးသည် အသက်၂၈ခန့်ရှိပြီ။ လက်ဝကျယ်သော အနီရောင် အင်္ကျီ၊ ရင်ဘတ်အထိမြင့်သော စကတ်ရှည်တို့ပေါ်မှ ပါးလွှာသော အဖြူရောင်ဝတ်ရုံကိုထပ်ကာ ဝတ်ဆင်ထားသော အဆိုပါမိန်းမပျိုသည် မက်မွန်သီးကဲ့သို့‌ ချောမွတ်လှသော မျက်နှာလေးထက်ရှိ ဇင်ယော်တောင်မျက်ခုံးများအောက်မှ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကျွန်များကို သနားဂရုဏာသက်စွာ ကြည့်နေလေသည်။

ထန်မင်းဆက်ခေတ်ရောက်နေသည်သာ မဟုတ်ခဲ့လျှင် လီယင် ထိုမိန်းကလေးအား ’ နဲ့ရှောင်ချမ်း ’ ဟုပင် ခေါ်မိပေလိမ့်မည်။ ( နဲ့ရှောင်ချမ်းသည် တရုတ်ပုံပြင်တိုများတွင်ပါသော ပန်းချီရေးထားသလို မှုံနေအောင် ချောသည့် မိန်းမပျိုလေးဖြစ်သည် ) မြင်သာအောင် ပြောရလျှင် တရုတ်မင်းသမီး ဝမ်ကျုရှန်းထက်ပင် ပိုချောသည်။

လုပါးယန်သာမက ရှောင်လွေ့နဲ့ ချမ်ဟွိုက်လျန့်တို့သည်လည်း အဆိုပါမိန်းကလေးအား ငမ်းနေကြသည်။ ၎င်းတို့၏ ပုံစံကို မြင်လွယ်အောင် ထပ်ပြောရလျှင် သူတို့၏ မျက်လုံးများ ဤထက် နည်းနည်းလောက် ထပ်ပြူးမည်သာဆိုလျှင် ၎င်းတို့၏မျက်လုံးများသည် ကောင်းကင်ပေါ်သို့ပင် ပျံသွားတော့မည်ဖြစ်သည်အထိပင်။

လီယင်သည်လည်း အံ့ဩငေးမောလျက်။ စုမောအာနှင့် ရှောင်လွေ့သည်လည်းပဲ ၎င်းတို့ကိုယ်တိုင်က မိန်းမလှလေးများဖြစ်လင့်ကစား ထိုမိန်းမလှလေးအား ထပ်တူငေးမောနေကြတော့သည်။ခဏတာ ကြောင်ငေးမိနေပြီးမှ လီယင်လည်း သတိပြန်ကပ်လာလေ၏။ တကယ်ဆို လီယင်ကား ၂၁ရာစုခေတ်မှ လာခဲ့သူဖြစ်ရာ အချောအလှပေါင်းစုံကို မြင်ဖူးသူဖြစ်သည်။ အလှဆုံးဆိုသူများကို တွေ့ဖူးပြီးပြီဟု ထင်ခဲ့မိသည်မှာ မှားမှန်းကို လောရှောင်ရီအား တွေ့မှပင် သိသွားလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now