148

230 17 0
                                    

အခန်း၁၄၈။ ရုတ်တရက်ပေါ်ပေါက်လာသည့် မင်္ဂလာပွဲ

နိုင်ငံရေးကိစ္စများ ဆွေးနွေးပြီးသောအခါ လွှတ်တော်အစည်းအဝေးပြီးဆုံးပြီဖြစ်၍ အရှင်မင်းကြီးလီရှစ်မင်လည်း ထပြန်မည်ပြင်၏။ ထိုအခါ စွေ့ရှောင်သည် ရုတ်တရက်ထပြီး လျှောက်တင်လိုက်လေသည်။

“ အရှင်မင်းကြီး .. ကျွန်တော်မျိုး လျှောက်တင်စရာရှိပါတယ် ”

“ ဘာများလဲ အမတ်ကြီး ”

လီရှစ်မင်က စွေ့ရှောင်ကို ကြည့်ကာ မေးလိုက်သည်။ လီယင်တစ်ယောက် ယီကျိုးသို့သွားရတော့မည်ကို အကြောင်းပြကာ မင်္ဂလာပွဲကိုဖျက်သိမ်းမည်လားဟု လီရှစ်မင် တွေးမိလိုက်သည်။

“ အရှင်မင်းကြီး .. အရှင့်သားတော်နဲ့ ကျွန်တော်မျိုးရဲ့ သမီးငယ်လေးတို့ မင်္ဂလာပွဲကိစ္စပါ။ အရှင့်သားတော်သာ ထောင်ပေါင်းများစွာကွာဝေးတဲ့ ယီကျိုးကို သွားရမယ်ဆိုရင် မင်္ဂလာပွဲကိစ္စဟာ သေချာပေါက်နှောင့်နှေးသွားမှာပါ။ အဲ့ဒါကြောင့် မင်္ဂလာရက်ကို ရှေ့တိုးလို့များရမလားလို့ လျှောက်တင်ချင်လို့ပါ အရှင်မင်းကြီး။ အရှင့်သားတော်လီယင်နဲ့ သမီးတော်လေးစွေ့ယင်းယင်းတို့ကို ဒီရက်ပိုင်းအတွင်း ထိမ်းမြားပေးလိုက်ရရင် မ‌ကောင်းဘူးလား အရှင်မင်းကြီး ”

စွေ့ရှောင်သည် လီယင်နှင့် စွေ့ယင်းယင်းတို့၏ မင်္ဂလာပွဲကို သဘောတူထားပြီးဖြစ်၍ နောက်ကြောင်းပြန်လှည့်စရာ အကြောင်းမရှိပေ။ မိမိစကားကို မိမိပြန်ရုတ်သိမ်းပါက မိမိတို့စွေ့တစ်မျိုးနွယ်လုံးသည် အခြားဆွေကြီးမျိုးကြီးများအလယ်တွင် အရှက်ရစရာဖြစ်ချေမည်။ ပြီးလျှင် သူ့၏ ဉာဏ်ပညာကြီးမားမှုကြောင့် လီယင်မင်းသား ယီကျိုးကို သွားရခြင်းက အရှင်မင်းကြီး၏ စီမံမှုဖြစ်ကြောင်း သူရိပ်မိလေသည်။ ရွှေရောင်အနာဂတ်လွှမ်းမိုးနေသော ဤသမက်တော်နှင့် မင်္ဂလာပွဲအား အဘယ်ကြောင့် ဖျက်သိမ်းရမည်နည်း။

လီရှစ်မင်ကလည်း ဤကဲ့သို့လုပ်ရန် ဆန္ဒရှိပြီးသားဖြစ်၍ -

“ သေချာတာပေါ့။ အဲ့လိုပဲ ကိုယ်တော်တို့ စီမံကြမယ် ” ဟု မိန့်လိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now