91

413 33 0
                                    

အခန်း၉၁။ အလုပ်အကိုင်ခေါ်ယူခြင်း

စစ်ကျီနှင့် လီကျစ်တို့နှစ်ယောက် နန်းတော်ထဲမှ အစ်ကိုတော်၊ အစ်မတော်များထံ အဆိုပါ ဟော်သွန်သီးများ လိုက်လံဝေငှပြီးသည့်နောက်မှာတော့ လီယင်၏နာမည်မှာ နန်းတော်ထဲ ပို၍ သတင်းမွှေးလာ‌တော့သည်။ ထုတ်လုပ်ခဲ့ပြီးသည့် ခေါင်းလျှော်ရည်နှင့် ရေမွှေးတို့ကြောင့် နန်းတွင်းမှ ကြင်ယာတော်များအကြား သူ့အပေါ်အမြင်မှာ တိုးတက်ပြောင်းလဲလာခဲ့ပြီးဖြစ်သလို ယခုလို အရသာရှိလှသော စားစရာဖန်တီးပေးသော‌ကြောင့် ညီတော် ညီမတော်များကြားတွင်ပါ နာမည်‌ကောင်းရလာပြီဖြစ်လေတော့သည်။

နှောင်းခေတ်လူတို့၏ တီထွင်ဖန်တီးမှုကို တုပထားကာ နာမည်ကောင်းရနေသူကတော့ ဤအကြောင်းများကို မသိပေ။ တစ်မနက်ခင်းလုံး စက်မှုဝန်ကြီးရုံးတော်တွင် လက်ဖက်ရည်သောက်ကာ ‌ယောင်ချာချာလုပ်နေပြီးနောက် နေ့ခင်းပိုင်းတွင်တော့ တောင်ချိုင့်မှ စက်ရုံဆီသို့ ထွက်ခဲ့သည်။

စက်ရုံတခွင် လှည့်ပတ်ကြည့်ပြီးနောက် သတင်းစာစက္ကူအရည်အသွေးနှင့် အရေအတွက်ကို စစ်ဆေးပြီးသောအခါ သတင်းစာ စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်တော့သည်။

“ အလုပ်အကိုင်ပြပွဲတစ်ခုလောက် ကိုယ်တော်တို့ ကျင်းပရအောင် ” ဟု လီယင်က စုမောအာကို စက်ရုံရုံးခန်းထဲ၌ ပြောလိုက်သည်။ သတင်းစာပေါ် ပုံနှိပ်နိုင်ရန်အတွက် စာရေးစာဖတ်တတ်သူများသာ ထိုတာဝန်ယူနိုင်မည်ဖြစ်သည်။ ယခုလက်ရှိလုပ်သားများနှင့် အဆင်မပြေပေ။

စုမောအာကတော့ ဤကဲ့သို့နေ့မျိုး ရောက်လာရန် စောင့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ချမ်အန်းပြည်ပေါ်၌ ဤသတင်းစာ၏ သက်ရောက်မှုကို မြင်တွေ့ချင်လှပြီ။ လီယင်ပြောသည့်  ‘အလုပ်အကိုင်ပြပွဲ’ ဟူသည့်‌ ဝေါဟာရကို နားမလည်သဖြင့် လီယင်က ၎င်းမှာ အလုပ်သမားအသစ်စုဆောင်းရေးအတွက် လုပ်သည့်ပွဲ ဟု ရှင်းပြလိုက်ရသည်။

လီယင် ညွှန်ကြားလိုက်သည်နှင့် တပြိုင်နက် စုမောအာလည်း ချက်ချင်းပင် ကြော်ငြာစာစောင်အားရေးကာ ပညာရှိပုဂ္ဂိုလ်များ အလာများသော နေရာများ၌ ကြောငြာစာများ လိုက်ကပ်လေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now