အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၄)
အခန်း(၃၂၇-ခ)ပြစ်ဒဏ်ပေးခြင်း(၂)
ထိုအချိန်အတွင်း၌ စားသောက်ဆိုင်ထဲတွင် လူသိပ်မများသေးချေ။ ပထမထပ်ရှိ ဗီအိုင်ပီစားသုံးသူအများစု မလာသေးသော်လည်း သာမန်စားပွဲများတွင် လူပြည့်နေပြီး အပြင်တွင် တန်းစီစောင့်နေသူ လေးငါးယောက်ရှိသည်။
ဝမ်လုံဝင်လာသည်ကို မြင်တော့ အထဲတွင် ထိုင်နေသည့် ရှုယုံက မျက်လုံးပင့်ကာ မေးလိုက်သည်။ "ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ"
"အင်း... ငါ မစ္စတာကျန်းဆီ လာလည်တာပါ။ သူ့အတွက် အဆင်ပြေလားမသိဘူး" ဝမ်လုံက ပြုံးကာ ပြောသည်။
"ဘာကိစ္စရှိလို့လဲ" ရှုယုံက မေးသည်။
ဝမ်လုံ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် "ငါ သူ့ကို တောင်းပန်ချင်လို့ပါ"
ရှုယုံ ခဏလောက် တိတ်ဆိတ်သွား၏။
ဝမ်လုံ၏တပည့်က မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူသိသည်မှာ ထင်ရှား၏။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ရှုယုံက ခေါင်းညိတ်ကာ "ကျုပ်နဲ့လိုက်ခဲ့"
ထိုနောက် ရှုယုံသည် ကျန်းဟန်နှင့် မုန့်မုန့်တို့ မနက်စာစားနေသည့် အပေါ်ထပ်သို့ ဝမ်လုံအား ခေါ်ဆောင်သွားသည်။
သူတို့နှစ်ယောက် ရောက်လာသည်ကိုအာရုံခံမိပြီး ကျန်းဟန်က ဝမ်လုံအား လှည့်ကြည့်လိုက်သည်။
"မစ္စတာကျန်း ခင်ဗျားကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်။ အဲဒါ ကျုပ်တပည့်ရဲ့အမှားပေမယ့် ဆရာတစ်ယောက်အနေနဲ့ ကျုပ်မှာလည်း တာဝန်ရှိပါတယ်" ဝမ်လုံက ဦးညွှတ်ကာ ပြောသည်။
ဟောင်ကောင် စားဖိုမှူးမာစတာတစ်ယောက်အနေဖြင့် ဝမ်လုံသည် ဖြောင့်မတ်မှန်ကန်သည့်အတွက် နာမည်ကောင်းရှိသည်။ သူ၏တပည့်များက အလွန်မိုက်မဲကာ သူ့အား စိတ်ပျက်စေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူ့တပည့်များ၏မိုက်မဲမှုက သူ့အား အလွန်စိတ်ပျက်စေခဲ့သည်မှာ သံသယရှိစရာမလို။
"အင်း" ကျန်းဟန်က ဝမ်လုံအား သေချာအကဲခတ်လိုက်ပြီး ဝမ်လုံ၏မျက်လုံးများနှင့် မျက်နှာအမူအရာအရ သူသည် ရိုးသားသူဖြစ်ကြောင်း သိလိုက်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...