စာစဉ်(၃၅) အပိုင်း(၃)

184 12 0
                                    

[စာစဉ်(၃၅) အပိုင်း(၃)] အခန်း(၄၀၃-က) အပန်းဖြေခြင်း(၁)

ပေးဆပ်ရသည့်တန်ဖိုးမှာ အလွန်ကြီးမား၏။

အကြောင်းအရင်းမှာ ပေးဆပ်ရသည့်တန်ဖိုးက အသက်ဖြစ်လေသည်။

သူတို့ စိတ်ပင်မကူးမိခဲ့ကြ....

လူငယ်ဂရန်းမာစတာတစ်ယောက်....

ဘာလို့လဲ...

သူ ရှီခွမ်းကို မသိဘူးလား...

ဆန်းကြယ်မြူခိုးဂိုဏ်းအကြောင်း မကြားဖူးဘူးလား...

ဆန်းကြယ်မြူခိုးဂိုဏ်ဂရြ့ အကြီးအကဲ ရှန်းချီတျန်းက ဂရန်းမာစတာနောက်ပိုင်းအဆင့်ဆိုတာ သူ မသိဘူးလား...

ဒါက သူဘေးနားက အမျိုးသမီးကို ရှီထျန်းလဲ့ ပရောပရည်ပြောလိုက်လို့လား...

သူတို့ သေသွားသည့်တိုင် ကျန်းဟန်က ဘာကြောင့် ယခုလိုလုပ်ခဲ့သည်ကို နားမလည်ခဲ့ကြချေ။

သူက အရမ်းဒေါသမကြီးလွန်းဘူးလား...

ယနေ့ သူ့အနေဖြင့် ကွာရှင်းသည့်ကိစ္စကိုသာ အခင်မင်မပျက် ကိုင်တွယ်ခဲ့ပါလျှင် ကျန်းဟန်က သူ့အား ဂရုစိုက်နေမည်မဟုတ်။

သူ၏သဘောထား အပြုအမူ မကောင်းခဲ့လျှင်ပင် ကျန်းဟန်က သူ့ကို သတ်မည့်အစား အပြစ်ပေးရုံလောက်သာရှိပေမည်။

သို့သော် သူကား ဇီယန်အား မထီတရည်လာလုပ်ပြီး သူ့နောက်မှ နှစ်ယောက်က ရယ်မောကြလေသည်။

ထိုအချိန်မှစ၍ ကျန်းဟန်၏မျက်လုံးထဲတွင် သူက သေပြီးသားဖြစ်သွားခဲ့သည်။

ပုရွတ်ဆိတ်များ၏ကံကြမ္မာကို လူသားတို့က အဆုံးအဖြတ်ပေးနိုင်သလိုပင်...

ကျင့်ကြံခြင်းကမ္ဘာတွင် အားနည်းသူများအားလုံးမှာ ပုရွတ်ဆိတ်များဖြစ်ကြသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် သေရေးရှင်ရေး များစွာရှိပြီး အတိဒုက္ခအဆင့်မှ ဆရာသခင်များကိုပင် အင်မော်တယ်များက ပုရွတ်ဆိတ်များအဖြစ် သတ်မှတ်ထားနိုင်သည်။ ခွန်အားသာအရာရာဖြစ်သည့် ပတ်ဝန်းကျင်တွင် လူတိုင်းမှာ အေးစက်၍ ရက်စက်ပုံပေါက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now