စာစဉ်(၃၈) အပိုင်း(၁၀)

129 7 0
                                    

[စာစဉ်(၃၈) အပိုင်း(၁၀)] အခန်း(၄၃၃-က) သူ့ရဲ့အထောက်အထား(၁)

"ဥက္ကဌဟွမ်၊ ခေါင်းဆောင်လု၊ မစ္စတာဂူ.... ကြိုဆိုပါတယ် ကြိုဆိုပါတယ် အထဲကိုကြွပါ"

ဇီချင်းတန်က သူတို့အား နှုတ်ဆက်ရင်း နွေးထွေးသည့်အသည့်အပြုံးဖြင့် ပြောသည်။

ထိုအချိန်တွင် ပလက်ဖောင်းပေါ်ရှိ လူတိုင်း၏မျက်လုံးများမှာ ဧည့်သည်အသစ်များဆီ ရောက်ရှိနေကြသည်။ အထူးသဖြင့် အသက်ရှူမြန်နေကြသည့် ဇီချင်းတန်၏အဖွဲ့လူများပင်။

၎င်းကို လှုမှုဆက်ဆံရေးစစ်ပွဲတစ်ခုအဖြစ် ရှုမြင်နိုင်သည်။

ထိုနောက် ဟွမ်ဟွမ်အပါအဝင် လူငါးယောက်က သူတို့အတွက်ရောက်လာပါက ကြီးမားသည့်အားသာချက်များကို ခံစားရမည်ဖြစ်သည်။

ဤငါးဦးသည် တစ်ယောက်ချင်းစီက ဇီမိသားစုထက် သန်မာသည့် မိသားစုတစ်စုကို ကိုယ်စားပြုကြသည်။

သို့သော်...

ဟွမ်ယွမ်နှင့် အခြားဧည့်သည်များမှာ ဇီချင်းတန်၏နှုတ်ဆက်ခြင်းကို ဘာမှပြန်မပြောဘဲ မထူးမခြားနားအမူအရာဖြင့်သာ ခေါင်းညိတ်ပြတုံ့ပြန်သည်အား တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင်...

ဘုတ်ခနဲအသံတစ်ခုနှင့်အတူ...

ဇီချင်းတန်နှင့် ဖန်းဟွမ်တို့၏နှလုံးသားများ မှောက်ခုန်လှန်သွားပြီး နောက်ထပ် ဘာဆက်ဖြစ်တော့မည်ကို သိနေသလို ခံစားလိုက်ရသည်။

သူတို့လည်း ဇီချန်းအတွက် လာကြာတာလား....

လူတော်တော်များများတွင် တူညီသည့်အတွေးရှိကြသည်။

နောက်အခိုက်အတန့်တွင်....

အဖြစ်အပျက်က လုံးဝ ဖြေရှင်းသွားသည်။

ပလက်ဖောင်းတစ်ခုလုံးကို အကဲခတ်ကြည့်ရှုပြီးနောက် ဟွမ်ယွမ်နှင့် အခြားဧည့်သည်များသည် နောက်ဆုံး၌ နောက်ဆုံးတန်း ညာဘက်ခြမ်းကို အကြည့်ရပ်သွားကြသည်။ ထိုနောက် သူတို့ ဇီချင်းတန်နှင့် ဖန်းဟွမ်ကို လျစ်လျူရှုကာ ထိုလမ်းကြောင်းအတိုင်း တန်း၍ လျှောက်သွားသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now