စာစဉ်(၃၇) အပိုင်း(၄)

153 10 1
                                    

[စာစဉ်(၃၇) အပိုင်း(၄)] အခန်း(၄၂၀-ဂ)လက်ထပ်ခွင့်တောင်းရန် စဉ်းစားခြင်း(၃)

ဝမ်မင်နှင့် ယုံကျားရှင်းအပါအဝင် မနက်စာအား မကြည့်ဘဲနေနိုင်သည့်သူ တစ်ယောက်မှ မရှိချေ။

"ဝိုး ငါတို့ ပေါက်စီလေးတွေ ထပ်ပြီး စားရဦးမှဦပေါ့။ အစ်ကို အစာသွတ်က ဘာလဲ" ကျန်းလီက ပြုံးကာ မေးသည်။

"အသီးအရွက်အစာသွတ် ပေါက်စီလေးတွေနဲ့ ဖက်ထုပ်စွပ်ပြုတ်" ကျန်းဟန်က ပြန်ဖြေပြီး ဒုတိယထပ်သို့ ဦးဆောင်တက်သွားသည်။

ပေါက်စီများအပြညင် နွားနို့၊ ဆိတ်နို့၊ ကြက်ဥပြုတ်၊ ဆန်ပြုတ်၊ အာလူးသတ်နှင့် ရုံးပတီသီးသုတ်လည်းရှိသေးသည်။

မနက်စာက အလွန်လန်းဆန်း၏။

"လန်းဆန်း" ဆိုသည့် စကားလုံးမှာ အလွန်တိကျသည်။

ပေါက်စီလေးများမှာ အလွန်မွှေး၏။ တစ်ကိုက်ကိုက်လိုက်ပြီးနောက် နူးညံ့သည့်အပြင်သားနှင့် လက်ဆတ်သည့် အသီးအရွက်အစာသွပ်ကို ခံစားရပေလိမ့်မည်။ အချို့သော ဟင်းခတ်အမွှေးအကြိုင်များဖြင့် သားသက်လွတ်အစားအစာကို ကြိုက်နှစ်သက်သူများ စွဲလန်းသွားပေလိမ့်မည်။

အသားကြိုက်သူများအတွက်တော့ ဖက်ထုပ်စွပ်ပြုတ်ကာ ပို၍ ဆွဲဆောင်မှုရှိပေမည်။ တစ်ကိုက်ကိုက်ပြီးနောက်တွင် အရသာရှိသည့် စွပ်ပြုတ်ဟင်းရည်အရသာက သွားများကိုဖြတ်၍ အာခံတွင်းတစ်ခုလုံးကို သိမ်းပိုက်သွားသည်။ ၎င်းက အသား၏ထူးခြားမှုနှင့်အတူ လတ်ဆတ်မှုနှင့် ပြင်းပြသည့်ရနံ့ရှိသည်။

တစ်ကိုက်စားလိုက်သည်နှင့် မုန့်နှစ်နှင့် အသား အံ့ဩဖွယ်ပေါင်းစပ်ထားမှုကို ခံစားရမည်ဖြစ်သည်။ ထိုအရသာ လူတစ်ယောက်၏ဝိဉာဉ်ကိုပင် ဖမ်းစားနိုင်သည်။

ဟင်းခတ်အမွှေးအကြိုင်အချို့ဖြင့် ၎င်း၏အရသာကို သင့်တင့်သွားစေပြီး ပိုမိုပြင်းထန်သည့်အရသာဖြစ်သွားစေသည်။

အောက်ထပ်တွင် အသက်ကြီးကြီးစားသုံးသူများမှာ ပေါက်စီအနည်းငယ်ကို စားလိုက်သည့်အချိန်တွင် စိတ်ခံစားချက်များဖြင့် သက်ပြင်းချရင်း ခေါင်းယမ်းကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိDove le storie prendono vita. Scoprilo ora