စာစဉ်(၄၀) အပိုင်း(၁၄)

138 7 0
                                    

[စာစဉ်(၄၀) အပိုင်း(၁၄)] အခန်း(၄၅၃-က) ပြဿနာကြီးရောက်လာပြီ(၁)

လီကျန်းနှင့် ရင်ဆိုင်ရသည့်အခါ တာဟေးနှင့် ရှောင်ဟေးတို့ နှစ်ကောင်စလုံး ဖိနှိပ်ခံနေရသည်ဟု ခံစားရပြီး ၎င်းက အလွန်ကြောက်စရာကောင်းလှသည်။

သူတို့သည် ကောင်းကင်အဆင့်လူသားများဖြစ်နေခဲ့လျှင်ပင် သူတို့ ခုခံနိုင်စွမ်းရှိကြမည်မဟုတ်ချေ။

သို့သော် သူတို့သည် ယုံကြည်ချက်တစ်ဖြင့် ကာကွယ်ခဲ့ကြ၏....

"ဝူး ဝေါင်း"

တာဟေးက ဟိန်းဟောက်လိုက်ပြီး မြေကြီးပေါ် အသားကုန် ခုန်ပေါက်ကာ ၁၃ လက်မရှိသည့် ခြေရာကြီး လေးခု ဖြစ်ပေါ်သွားစေသည်။

တစ်ချိန်တည်းမှာပင် သူသည် လေထဲသို့ ခုန်တက်ကာ လီကျန်း၏ဘက်သို့ ဦးတည်၍ သူ၏ဧရာမလက်သီးကြီးကို မြှောက်လိုက်သည်။

တာဟေးသည် ခုန်တက်လိုက်ပြီးနောက် အမြင့် ၂.၅ မီတာအထိ ရောက်ရှိနိုင်ကာ သူ၏ပုံစံမှာ ရက်စက်ကြမ်းကြုတ်နေသည်။

သူ၏ရှေ့တွင် ရပ်နေသည့်လူမှာ ဟောင်ကောင် သိုင်းပညာရှင်စာရင်းတွင် တတိယအဆင့်ရှိသည့် လီကျန်းဖြစ်နေသည်မှာတော့ စိတ်မကောင်းစရာပင်။

"မင်းရဲ့သတ္တိကတော့ လေးစားစရာပဲ" လီကျန်းက ခေါင်းကိုယမ်းလိုက်ပြီး တာဟေးအား ဘယ်လက်ဖြင့် ရိုက်ချလိုက်သည်။

"ဝှစ်"

တာဟေး၏ဘေးတွင် သူ၏လက်ဖဝါးအတိုင်း ၂ မီတာမြင့်သည့် မီးတိမ်လက်ဖဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုနောက် ကြီးမားသော လက်ဖဝါးကြီးက တာဟေးအား တစ်ဖက်သို့ ရိုက်ချလိုက်၏။

"ဖြောင်း"

တာဟေးအတွက် တုံ့ပြန်ရန် အချိန်လုံးဝ မရှိချေ။ ဧရာမလက်ဖဝါးကြီးက သူ၏ခန္ဓာကိုယ်ပါ်သို့ ချက်ချင်းကျဆင်းလာပြီး ပြင်းထန်စွာ ရိုက်မိကာ ကျယ်လောင်သည့်အသံထွက်ပေါ်လာ၏။ တာဟေး၏ခန္ဓာကိုယ်ကြီးမှာ ဘေးသို့ ပြုတ်ကျကာ ဆယ်မီတာကျော်အကွာထိ လိမ့်သွားပြီး မရေမတွက်နိုင်သည့် ပန်းပွင့်များ ကြေမွပျက်စီးကုန်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now