စာစဉ်(၃၇) အပိုင်း(၁)

176 6 0
                                    

[စာစဉ်(၃၇) အပိုင်း(၁)] အခန်း(၄၁၉-က)အကျိုးသက်ရောက်မှုမရှိသော ဆေးလုံးများ(၁)

ကျိုးဖေးမှာ ၎င်းကိုကြားပြီးနောက် လေးနက်လာသည်။

သူမ စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီး ပြောသည်။ "နင် ခုဏက ဂစ်တာနဲ့တီးသွားတဲ့ မယ်လိုဒီက ပထမပိုင်းရဲ့ နောက်ခံတီးလုံးဖြစ်နိုင်တယ်။ အဲဒါက ရိုးရှင်းပြီး နင့်ရဲ့အသံကို ပေါ်လွင်စေတယ်။ အဝင်တီးလုံးက အဲ့လိုမျိုးဖြစ်နိုင်တယ်။ တမ်ပိုမြင့်တဲ့တီးလုံးတစ်ချို့ထည့်ပြီးရင် ဒီသီချင်းက အပြီးသတ်မှာပါ"

"အသေးစိတ်နောက်ခံတေးသွားကိုတော့ စတူဒီယိုမှာ လုပ်ဖို့လိုတယ်။ နေ့ခင်းပိုင်းကျရင် သီချင်းစာတွေကို ပြီးအောင်ရေးပြီး မနက်ဖြန် နောက်ခံတေးသွားလုပ်ဖို့ စတူဒီယိုရှာရမယ်" ဇီယန်က ခဏလောက်စဉ်းစားပြီး ပြောသည်။

"အိုး အဲဒါက လွယ်ပါတယ်။ ခဲအိုကို ရှာကြည့်ခိုင်းလိုက်လေ။ နောက်ခံတေးသွားက ချက်ချင်းပြီးသွားမှာ" ကျိုးဖေးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မရဘူး" ဇီယန်က မျက်လုံးများကို မှိတ်ကာ ခေါင်းယမ်းလိုက်သည်။ သူမ၏မျက်လုံးဝိုင်းများက တောက်ပမှု မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။ "သီချင်းပြီးသွားမှ သူ့ကို နားထောင်ခိုင်းမယ်"

ဇီယန်၏ပျော်ရွှင်နေသည့်အမူအရာကိုကြည့်ပြီး ကျိုးဖေး ကိုယ့်နဖူးကိုပုတ်ကာ "ဟုတ်ပါပြီ အစ်မယန်ရယ်။ နင် ကြိုက်သလိုသာလုပ်ပါတော့။ ဒါပေမယ့် နင့်ရဲ့အချစ်တွေကို ငါတို့ကို မကြွားပါနဲ့တော့"

"ခစ်ခစ်"

ဇီယန်ရယ်မောကာ သူမအား မျက်စောင်းထိုးလိုက်၏။ ထိုနောက် စန္ဒယားထပ်တီးပြန်သည်။

သူမ မိနစ်အနည်းငယ်ကြာ စန္ဒယားတီးပြီးနောက် ဂစ်တာခဏတီးကာ စာရွက်ပေါ်တွင် စာသားအချို့ ချရေးလိုက်သည်။

အချိန်မှာ လျင်မြန်စွာကုန်ဆုံးသွား၏။ ၁၁ နာရီ ၃၀ မိနစ်ရှိပြီဖြစ်သည်။

"ခဲအိုနဲ့ တခြားသူတွေ ပြန်လာပြီ" ကျိုးဖေးက ပြတင်းပေါက်မှတဆင့် ကားအချို့ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူမအား ပြောသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now