စာစဉ်(၃၃) အပိုင်း(၂)

157 9 0
                                    

စာစဉ်(၃၃)အပိုင်း(၂)အခန်း(၃၈၈-က)နောက်ဆုံးတော့ပြန်လာပြီ(၁)

ကျန်းဟန် ပြန်ထွက်ခါနီးတွင် ချောင်လောလောက အနည်းငယ် မျက်မှောင်ကြုတ်ကာ "ရှင် ကျွန်မကို အချိန် နှစ်မိနစ်ပေးမယ်ပြောထားတာမလား။ စက္ကန့် ၂၀ ပဲရှိသေးတယ်လေ"

"ဒါပေမယ့် ငါအခု မင်းစကားတွေ နားမထောင်ချင်တော့ဘူး" ကျန်းဟန်က တန်း၍ လှည့်ထွက်လာခဲ့သည်။

"တကယ်လား။ ရှင်က အရမ်းကို ဥပေက္ခာပြုပြီး နှလုံးသားမဲ့လွန်းနေတယ်" ချောင်လောလော နှုတ်ခမ်းထပ်တွင် လှောင်ပြုံးတစ်ခုနှင့်အတူ ကျန်းဟန် ထွက်သွားသည်ကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။

တစ်လှမ်း၊ နှစ်လှမ်း....

ကျန်းဟန် ပဥ္စမမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင်...

"ဒင်..."

ကျန်းဟန်၏ဖုန်းက မြည်လာသည်။

ချောင်လောလော၏လှောင်ပြုံးမှာ ပိုမိုထင်ရှားလာ၏။ ထိုနောက် သူမ ပိုက်ဆံအိတ်ကို ကောက်ကိုင်ကာ အပြင်ထွက်ရင် အသင့်ပြင်လိုက်သည်။

ဖုန်းသံကိုကြားတော့ ကျန်းဟန် ရပ်လိုက်ပြီး ဖုန်းကိုထုတ်၍ ကြည့်လိုက်၏။ ၎င်းက ဇီယန်ဖြစ်သည်။

ကျန်းဟန် ဖုန်းကိုင်လိုက်ပြီးနောက် ဇီယန်၏အသံကို ကြားလိုက်ရသည်။ ဤတစ်ကြိမ်တွင်တော့ သူမ၏နာကျည်းမှု၊ စိတ်ပျက်မှု၊ ဝမ်းနည်းမှုနှင့် ငိုကြွေးသံကို ကြားလိုက်ရသည်။

"ရှင်ဘယ်မှာလဲ"

"အမ်"

ကျန်းဟန် ကြောင်အသွားပြီး ဇီယန်၏ကြောက်မက်ဖွယ်စိတ်အခြေအနေကို ခံစားမိလိုက်သည်။

"ရှင်ဘယ်မှာလဲ" ငိုရှိုက်သံနှင့်အတူ နောက်ထပ် မေးခွန်းသံကို ကြားလိုက်ရ၏။

"ကိုယ်အပြင်မှာ။ မင်းဘာဖြစ်နေတာလဲ။ ကိုယ်..."

ကျန်းဟန်စကားမဆုံးခင်မှာပင် ချောင်လောလောက လက်ထဲတွင်ဖုန်းကိုကိုင်ထားကာ WeChat မှ မက်ဆေ့ချ်ပို့ရင်း သူ့ဘေးမှ ပေါ့ပေါ့ပါးပါးဖြတ်လျှောက်သွားသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now