[စာစဉ်(၃၉) အပိုင်း(၅)] အခန်း(၄၃၉-က) ကျိန်စာသင့်လှေ(၁)
"လူပုလေးတွေနဲ့ နတ်သူငယ်လေးတွေဟာ ကျွန်းပေါ်မှာ ဘီလူကြီးတချို့နဲ့တွေ့တယ်။ သူတို့က အရမ်းကြီးမားကြတယ်။ သူတို့တွေ့ကြတော့ တိုက်ခိုက်ရန်ဖြစ်ကြတာပေါ့။ နောက်တော့....."
ကျန်းဟန်က အသံတိုးတိုးဖြင့် မုန့်မုန့်အား ပုံပြင်ပြောပြနေသည်။
အစပိုင်းတွင် မုန့်မုန့်က စိတ်ဝင်တစားနားထောင်နေပြီး ပြန်မေးသည်။ "ဘီလူးကြီးက ဘယ်လောက်ကြီးလဲ။ ဒီနေ့စီးခဲ့တဲ့ ချားရဟတ်ကြီးလောက် မြင့်လား"
ကျန်းဟန်က နူးညံ့သိမ်မွေ့စွာ ပြန်ဖြေသည်။ "အဲ့လောက်မမြင့်ဘူး။ ဘီလူးကြီးက လူဆယ်ယောက်စာလောက် မြင့်တယ်"
"အင်း.. မျောက်ကြီးထက် ပိုမြင့်တယ်..."
မုန့်မုန့်မှာ အနည်းငယ်ပင်ပန်းနေခဲ့သဖြင့် မေးခွန်းမမေးတော့ဘဲ ရပ်တန့်လိုက်သည်။ သူမလေး ပုံပြင်နားထောင်နေပြီး နောက်ဆုံးတွင် အိပ်ပျော်သွားခဲ့သည်။
ကျန်းဟန်က မင်းသမီးလေးအား အသာအယာပွေ့ချီပြီး ဘေးနားရှိ ကုတင်လေးပေါ်သို့ တင်ပေးလိုက်သည်။ သူမအား စောင်သေးသေးလေးဖြင့် ခြုံပေးပြီးနောက် ကုတင်ကြီးဆီ ပြန်လာလိုက်သည်။ ဇီယန်သည် သူမ၏နူးညံ့ပျော့ပြောင်းသည့် ခန္ဓာကိုယ်ကို ကျန်းဟန်ပေါ်သို့ ဖိကပ်ကာ သူ၏နားနားသို့တိုးကပ်၍ ချိုသာသည့်ထွက်သက်များကို မှုတ်ထုတ်လိုက်သည်။
"၁၉ ရက်နေ့ကျရင် ကျွန်မတို့ စေ့စပ်ကြတော့မယ်"
ကျန်းဟန်က ရယ်မောလိုက်ပြီး ခေါင်းကိုစောင်းကာ ဇီယန်အနားကပ်၍ တိုးတိုးလေးပြောသည်။ "မင်းဘယ်လိုခံစားရလဲ။ စိုးရိမ်နေလား"
ဇီယန်က နှုတ်ခမ်းကိုအသာကိုက်လိုက်ပြီး ဖြေသည်။ "မစိုးရိမ်ပါဘူး။ ရှင်ရော"
"ပျော်တာပေါ့"
"ပျော်တာပဲလား"
"အဲ.. ပျော်တယ်။ ကြည်နူးတယ်။ ဂုဏ်ယူတယ်။ ကိုယ်စေ့စပ်တာ ဒါပထမဆုံးလေ။ မင်းက ကိုယ့်မိန်းမဖြစ်တော့မှာဆိုတော့ ကိုယ်အရမ်းစိတ်လှုပ်ရှားနေတာပေါ့" ကျန်းဟန်က ပြုံး၍ ပြောသည်။
أنت تقرأ
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
العاطفيةအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...