စာစဉ်(၃၂) အပိုင်း(၁၀)

162 12 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၀)

အခန်း(၃၈၄-ခ)မုန့်မုန့်၏တိုင်တန်းမှု(၂)

"ကြောက်တာလား"

ကျန်းဟန် ရယ်မောလိုက်ပြီး "ငါတို့ရဲ့ကတ်တွေကို စားပွဲပေါ် တင်မထားပေမယ့် ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်းသိနေတာပဲ။ ဘာမှ ထပ်ပြီးပြောနေစရာမလိုဘူး။ ငါ့ကို ထပ်ပြီး မနှောင့်ယှက်နဲ့။ ရှုယုံ သူမကို လိုက်ပို့လိုက်"

ကျန်းဟန်၏သဘောထားကြောင့် ချောင်လောလော ဒေါသပုန်ထသွားသည်။

"ရှင်က ကျန်းမိသားစုရဲ့သခင်လေးမဟုတ်တော့ဘဲနဲ့ ဘာလို့ မောက်မာနေရတာလဲ"

သူမ အနည်းငယ် အကူအညီမဲ့နေပြီး ပထမဆုံးကစားပွဲတွင် ရှုံးနိမ့်သွားပုံပေါ်သည်။

"အမျိုးသမီး ကျေးဇူးပြုပြီး"

ထိုအချိန်တွင် ရှုယုံက ဘာတွေဖြစ်နေလဲ သိသွားသဖြင့် ချောင်လောလောဆီသွားကာ လက်ဟန်ပြလိုက်သည်။

"နောက်တစ်ခေါက် တွေ့ကြတာပေါ့" ချောင်လောလောက ပြောလိုက်ပြီးနောက် မုန့်မုန့်ကို လက်ဝှေ့ယမ်းပြကာ "ချစ်ချစ်လေး ဂွတ်ဘိုင်နော်"

"ဟမ့်"

မုန့်မုန့်က နှာခေါင်းရှုံ့လိုက်ပြီး သူမအား မကြည့်ဘဲ အကြည့်လွှဲလိုက်သည်။

ငါ သူ့ကို မနှုတ်ဆက်ချင်ဘူး...

မုန့်မုန့်၏အပြုအမူကိုမြင်တော့ ချောင်လော့ လှည့်ထွက်သွားပြီး သူမနောက်တွင် ရယ်မောသံကို ချန်ထားခဲ့လေသည်။

သို့သော် သူမ ဆိုင်ထဲမှ ထွက်လာပြီးနောက်တွင်တော့ ရယ်မောနေသည်ကို ရပ်တန့်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် တိမ်မဲများဖုံးလွှမ်းသွားသည်။ သူမ ကားဆီ ပြန်လျှောက်လာပြီး လက်သီးကိုတင်းတင်းဆုပ်ကာ ယာဉ်မောင်းအား ညွှန်ကြားလိုက်၏။

"ရီချန်းနည်းပညာကုမ္ပဏီ(Yicheng Technology)ကို သွားပါ"

"ဟုတ်ကဲ့"

ကားမှာ မောင်းထွက်သွားပြီး တောင်ပိုင်းကျွန်း၏အရှေ့ပိုင်းခရိုင်ရှိ ရီချန်းနည်းပညာကုမ္ပဏီတွင် ရပ်တန့်သွားသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now