စာစဉ်(၃၁) အပိုင်း(၇)

176 11 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) အပိုင်း(၇)

အခန်း(၃၇၄-ခ)တာဝန်(၂)

ဤရတနာ၏အကူအညီဖြင့် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းလမ်းပေါင်းစပ်၍ သူတို့အမျိုးသားလုံခြုံရေးအေဂျင်စီနှင့် တိမ်ဝိဉာဉ်တပ်ဖွဲ့အတွက် အလွန်အကျိုးရှိသည့် သိုင်းပညာရှင်များကို ဆက်တိုက်မွေးထုတ်ပေးနိုင်ကြောင်း သူသိသည်။

ခဏအကြာတွင် ဟုန်ယွမ်ဝင်လာပြီး "ဒါရိုက်တာ ခင်ဗျား ကျုပ်ကိုတွေ့ချင်လို့ဆို"

"ဟုတ်တယ်။ မင်းနဲ့ ကာကွယ်သူကျန်းတို့ ၁၀ ရက်အတွင်း ယှဉ်ပြိုင်မယ်လို့ကြားတယ်" လဲ့ထျန်းနန်က လိုရင်းကိုတန်းပြောသည်။

"ဟုတ်တယ်။ ဒီကောင်လေးက တောင်းဆိုတာပဲ" ဟုန်ယွမ်က ပြန်ဖြေသည်။

"ဒါက ယှဉ်ပြိုင်မှုတစ်ခုပါပဲ။ သူ့ကို ထိခိုက်သွားတာ မမြင်ချင်ဘူး" လဲ့ထျန်းနန်က ဟုန်ယွမ်အား စိုက်ကြည့်ကာ "မင်းနားလည်လား"

"ဒါရိုက်တာလဲ့ မင်း သူ့အပေါ် ဘက်လိုက်လွန်းနေတယ်" ဟုန်ယွမ်၏မျက်နှာ မည်းမှောင်သွားသည်။

"မင်း အဲ့လိုထင်လို့ ရပါတယ်"

"ဒါရိုက်တာလဲ့ ရိုးရိုးသားသားပြောရရင် ဟောင်ချင်းတန်က တံခါးပိတ်ကျင့်ကြံမှုပြီးတဲ့အချိန်ကျရင် ဒီကောင်လေးကို သေချာပေါက် သတ်မှာပဲ။ အဲ့ဒီအချိန်ကျရင် မင်း ငါ့ဆရာကို မတားနိုင်တော့ဘူး။ ဒီလိုဆိုမှတော့ မင်း ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေတာလဲ" ဟုန်ယွမ်က သတိပေးသည်။

"ဟမ်" လဲ့ထျန်းနန် မျက်မှောင်ကြုတ်လိုက်သည်။

လဲ့ထျန်းနန် သူ၏ဂရန်းမာစတာအလယ်အဆင့် ချီစွမ်းအားအရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ဟုန်ယွမ်၏မျက်နှာ ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားသည်။

"ငါ ခုနကပြောတာကို မှတ်မိလား" လဲ့ထျန်းနန် ဖြည်းညှင်းစွာပြောသည်။

"ဟ..ဟုတ်" ဟုန်ယွမ် ဒါရိုက်တာလဲ့အား မကြည့်ဝံ့ဘဲ ပြန်ဖြေသည်။

ငါးစက္ကန့်အကြာတွင် လဲ့ထျန်းနန်သည် သူ၏ချီအရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။ "မင်းသွားလို့ရပြီ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now