စာစဉ်(၃၆) အပိုင်း(၆)

175 12 0
                                    

[စာစဉ်(၃၆) အပိုင်း(၆)] အခန်း(၄၁၃-ဂ) မြောင်းအတွင်းနက်နက်(၂)

ပင်လယ်၏စွမ်းအားသည် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်ပြီး အလေးချိန် ၁၀ တန်အထက်ရှိသည့် ကုန်တင်သင်္ဘောတစ်စီးပင် တိမ်းမှောက်သွားနိုင်၏။

ခဏအကြာတွင် သူတို့၏သင်္ဘောသည် ကုန်တင်သင်္ဘော၏တစ်ဖက်ခြမ်းသို့ မောင်းနှင်သွားခဲ့သည်။

ရှုယုံနှင့် အခြားသူများသည် ကုန်တင်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်ကာ သူတို့အား လက်ပြနှုတ်ဆက်နေကြ၏။

"အဆင့်သင့်ဖြစ်ပြီလား" ကျောက်ဖုန်းက ကျယ်လောင်စွာ မေးသည်။

"အဆင်သင့်ပါပဲ" ရှုယုံက ပြန်ဖြေသည်။

"စကြရအောင်" ကျောက်ဖုန်းက လက်ဟန်ပြလိုက်သည်။

ရှုယုံက သင်္ဘောပေါ်ရှိလူများကို ရွှေ့ခိုင်းသည်။

လေးထောင်သံဘောင်ခြင်းကြီးရှစ်ခုသည် ရေထဲသို့ နစ်မြုပ်သွားပြီး ၎င်းတို့အားချည်ထားသည့် သံကြိုးထူကြီးများက အောက်ဘက်သို့ ဆက်၍ ဆင်းသွားခဲ့သည်။

"အတူသွားမလား" ကျန်းဟန် ဇီယန်ကိုကြည့်ကာ ပြုံး၍ မေးသည်။

"အင်း" ဇီယန်က ပြန်ဖြေ၏။

"အဲ ရှောင်ဟန် အဆင်ပြေရင် ငါလည်း တစ်ချက်လောက် ဆင်းကြည့်ချင်တယ်" ဝမ်မင်က အသာအယာချောင်းဟမ့်သည်။

ကျန်းဟန်က စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်၏။ "ရပါတယ်"

ရေအနက်မှ မီတာ ၁၇၀၀ ခန့်ရှိပြီး ကျန်းဟန်အတွက် လူနှစ်ယောက်ကိုခေါ်သွားရန်မှာ လွယ်ကူသည်။

"ဒါဆို ငါလည်းလိုက်မယ်" ကျန်းလီက ဝမ်းသာအားရပြောသည်။

"ငါလည်း လိုက်ကြည့်ချင်တယ်"

"ညီမရောပဲ"

ကျိုးဖေးနှင့် ဝမ်ရတို့ကလည်း ဝင်၍ပြောသည်။ သူတို့လည်း ရေထဲမြုပ်နေသည့်သင်္ဘောကို စိတ်ဝင်စားကြ၏။

"သမီးရော သမီးရောလိုက်မယ်" မုန့်မုန့်ကလည်း မတ်တပ်ရပ်ကာ ပြောသည်။

ကျန်းဟန် အံ့အားသင့်သွားပြီး‌ ခေါင်းယမ်းလိုက်၏။

ရေစိတ်ဝိဉာဉ်ကျောက်တုံး၏အကူအညီဖြင့် လူနှစ်ယောက်ကို သူခေါ်သွားနိုင်သည်။ လူဦးရေဆက်၍တိုးလာပါက ရေဖယ်ရှားခြင်း၏အကျိုးသက်ရောက်မှုသည် များစွာ လျော့ကျလာမည်ဖြစ်ပြီး ရေဖိအားဒဏ်ကို ခံစားကြရမည်ဖြစ်သည်။ ကျန်းဟန်၏စိတ်ဝိဉာဉ်စွမ်းအားဖြင့် လူများစွာကို ရေအောက်ထဲ လှုပ်ရှားစေနိုင်ရန် ထိန်းထားနိုင်သော်လည်း ၎င်းက ရတနာများဆယ်ယူခြင်းကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now