စာစဉ်(၃၆) အပိုင်း(၈)

167 12 0
                                    

[စာစဉ်(၃၆) အပိုင်း(၈)] အခန်း(၄၁၄-ဂ) ကုန်အပြည့်ဖြင့်ပြန်လာခြင်း(၃)

"ဒီဆိုလိုရင် သမီး အဲဒါ လင်းနေတာကို ကြည့်လို့ရတယ်" ကျန်းဟန်က ရယ်မောလိုက်ပြီး ပုလဲအား သူ၏ကုတ်အင်္ကျီထဲသို့ ထဲကာ မုန့်မုန့်၏ခေါင်းလေးကို အထဲသို့ ပို့လိုက်သည်။ မုန့်မုန့်၏အံ့ဩသွားသည့်အသံကို ချက်ချင်း ကြားလိုက်ရ၏။ "ဝိုး လင်းတယ် ဖေဖေ အဲဒါလင်းနေတယ်။ အရမ်းမိုက်တာပဲ..."

"..."

မုန့်မုန့်နှင့် အချိန်အတော်ကြာအောင် ကစားပြီးနောက် လူတိုင်း ပက်လက်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ကြသည်။ ကုန်းပတ်ပေါ်တွင် စိတ်ဝိဉာဉ်ဆေးပင်များဖြင့် ပြည့်လုနီးပါးဖြစ်နေ၍ အခြားလှုပ်ရှားမှုများလုပ်ရန် နေရာမရှိချေ။

မုန့်မုန့်က ဇီယန်၊ ယုံကျားရှင်းတို့နှင့် ကစားနေသည့်အချိန်တွင် ဝမ်မင်သည် ကျန်းဟန်အနားသို့ ချဉ်းကပ်ကာ မေးသည်။ "ရှောင်ဟန် ဒီသဘာဝတန်ဖိုးကြီးပစ္စည်းတွေရဲ့အဆင့်က ဘယ်လောက်လဲ"

"သူတို့ထဲက အများစုက နက်နဲအဆင့်မှာ။ ၂၀ ရာခိုင်နှုန်းအောက်က မြေအဆင့်၊ ကိုးပင်က ကောင်းကင်အဆင့်" ကျန်းဟန်က ပြန်ဖြေသည်။

"တကယ်လား" ဝမ်မင် အံ့ဩသွားသည်။

သူ၏နှုတ်ခမ်းထောင့်မှာ တဆတ်ဆတ်တုန်နေပြီး ကျန်းဟန်အား ငေးကြောင်ကြည့်နေရင်း ရေရွတ်လိုက်သည်။

"ဒါဆို... ရှောင်ဟန် မင်း ခုနကဆင်းသွားပြီး ပြန်တက်လာတော့ သဘာဝပစ္စည်းတွေအများကြီး ပြန်ယူလာတယ်ပေါ့"

"ဟူး.. မင်းဘာလို့ ဒီလောက် ကံကောင်းနေတာလဲ"

ဝမ်မင် လုံးဝ စိတ်ရှုပ်ထွေးသွားသည်။

ငါအရင်က သိုင်းလောကအတုမှာ နေခဲ့မိတာများလား...

ဒီအချိန်အတွင်း ငါ ဘာတွေကြုံတွေ့ခဲ့ရတာလဲ...

သဘာဝတန်ဖိုးကြီးပစ္စည်းတွေလား...

ဘယ်လိုလုပ် အဲဒါတွေက တန်ဖိုးမရှိသလိုဖြစ်နေရတာလဲ...

မဟုတ်ဘူး။ ရှောင်ဟန်ရဲ့အမြင်မှာပဲ အဲဒါတွေက တန်ဖိုးမရှိတာ...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now