စာစဉ်(၃၉) အပိုင်း(၁၂)

129 7 0
                                    

[စာစဉ်(၃၉) အပိုင်း(၁၂)] အခန်း(၄၄၃-က) ကြုံတွေ့ရမည့်အခွင့်အရေးတစ်ခု(၁)

"ဒါဆို ကမ္ဘာပေါ်မှာ နဂါးတွေရှိတာလား။ ကျွန်မအခု တစ်ကောင်မြင်လိုက်ရတယ်ပေါ့။ အဲဒါကြီးက အရမ်းကြမ်းကြုတ်တဲ့ပုံပေါ်ပြီး အထက်အောက်လူးလွန့်နေတယ်" ဇီယန်မှာ နှုတ်ခမ်းများကို သပ်ရင်း ကြောက်စရာကောင်းသည့် နဂါးကြီး၏အသွင်အပြင်နှင့် အပြုအမူများကို ပြန်တွေးနေသည်။

"လာ အနီးကပ်သေသေချာချာကြည့်ကြည့်" ကျန်းဟန်က ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကတ်ထဲသို့ စွမ်းအင်များ ပြန်ပို့လိုက်သည်။

ထိုနောက် ကတ်က ကျန်းဟန်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွား၏။

"သူထွက်လာပြီ" ကျန်းဟန်က ဇီယန်ကို သတိပေးလိုက်ပြီးနောက် သူ၏မျက်လုံဂများ တောက်ပလာသည်။ ရုတ်တရက် ကတ်ထဲမှ ရေနဂါး၏ဝိဉာဉ် ထွက်လာသည်။ ဤတစ်ကြိမ်တွင်တော့ လှိုင်းလုံးများမရှိတော့ဘဲ နဂါး၏ခန္ဓာကိုယ်သာရှိလေသည်။

နဂါးသည် လက်ဖဝါးအရွယ်သာဖြစ်သော်လည်း ၎င်းက ဧရာမမွန်းစတားကြီးဖြစ်ကြောင်း မည်သူမျှ ငြင်းဆိုမည်မဟုတ်ချေ။

ရေနဂါးဝိဉာဉ်သည် ဇီယန်၏လက်ဆီပျံသန်းသွားပြီး သူမ၏ဖြူဖွေးနူးညံ့သော လက်ဖဝါးတစ်ဝိုက်တွင် လှည့်ပတ်လာသည်။ ၎င်းက မည်မျှရက်စက်သည့်ပုံပေါ်သလဲ တွေးကြည့်လို့ပင်မရနိုင်ချေ။

"သူက သားရဲတစ်ကောင်လိုမျိုးပဲ ရက်စက်တဲ့ပုံပေါက်တယ်နော်။ နည်းနည်း အေးတယ်" ဇီယန်က ရေနဂါးဝိဉာဉ်ကို စိုက်ကြည့်ကာ သူမ၏လက်ဖဝါးကို ရွှေ့လိုက်သည်။

"သူက အသိစိတ်ကင်းမဲ့နေတဲ့ဝိဉာဉ်တစ်ခုပဲ။ ဂရန်းမာစတာအစောပိုင်းအဆင့်နဲ့ ညီမျှတဲ့ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မှာရှိတယ်" ကျန်းဟန်က ရှင်းပြသည်။

"သူက ဘယ်လောက်အစွမ်းထက်လဲ" ဇီယန်က ရေနဂါးကို အံ့ဩစွာကြည့်ရင်း မေးသည်။ "အခြေခံတည်ဆောက်ခြင်းအဆင့်က ဘာလဲ။ ကျွန်မသိတာ အပြင်အားအဆင့်၊ အတွင်းအားအဆင့်၊ အထွတ်အထိပ်အဆင့်နဲ့ ချီစွမ်းအားဆင့်ပဲသိတာ။ ပြီးတော့ အဲဒီ ချီစွမ်းအဆင့်လူတွေကို မာစတာလို့ခေါ်တာမဟုတ်လား။ အဲဒီအထက်မှာ အန်ကယ်လုံနဲ့ အန်ကယ်ဟူလိုမျိုး ဝူတာအိုဂရန်းမာစတာအဆင့်လေ။ ရှင်က ဆယ်လက်မဒျန်တျန်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်အစောပိုင်းမှာဆိုတာကိုလည်း ကျွန်မသိတယ်။ အဲဒါက ပြီးပြည့်စုံတဲ့အခြေခံတည်ဆောက်ခြင်းအဆင့်ထက် ပိုကောင်းတယ်။ ကျွန်မပြောတာ မှန်တယ်မလား" ဇီယန်က ကျန်းဟန်ကို ပြုံး၍ ကြည့်နေပြီး သူ၏ချီးမွမ်းမှုကို စောင့်မျှော်နေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now