စာစဉ်(၃၆) အပိုင်း(၃)

192 15 0
                                    

[စာစဉ်(၃၆) အပိုင်း(၃)] အခန်း(၄၁၂-ခ) နစ်မြုပ်နေသည့်ရတနာ(၂)

"တာဟေးက ဦးလေးကို မနိုင်ပါဘူး" ကျန်းဟန်က ရယ်မောလိုက်ပြီး ပြောသည်။ "သူက အခု အထွတ်အထိပ်အဆင့်ရဲ့ ထိပ်ဆုံးမှာရှိနေတာ"

"အထွတ်အထိပ်အဆင့်ရဲ့ ထိပ်ဆုံးလား။ ဟူး..." ဝမ်မင် တုန်တုန်ယင်ယင်ဖြင့် တာဟေးအား စိုက်ကြည့်လိုက်၏။ လေအေးများကို တစ်ချက်ရှူသွင်းလိုက်ပြီးနောက် သူ၏မျက်လုံးများ တောက်ပလာသည်။

ကောင်းတယ် ကောင်းတယ်။ စိတ်ဝိဉာဉ်သားရဲဆို တကယ်ကောင်းတယ်။ ဟားဟားဟား... သူ့ရဲ့မျိုးဆက်တွေက သေချာပေါက် ပါရမီရှင်တွေဖြစ်မှာပဲ....

ဝမ်မင်သည် ကျန်းဟန်အား စိတ်လှုပ်ရှားမှုများဖြင့် တောက်ပစွာ ကြည့်နေသည်။

စိတ်ဝိဉာဉ်သားရဲကို ဘော်ဒီဂတ်အဖြစ်ထားနိုင်ဖို့အတွက် သူက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်လဲ...

တာဟေး ဘယ်တော့ ကလေးမွေးလာမလဲကိုပင် သူ စတင်တွေးနေခဲ့သည်။

ကျန်းဟန်သည် ဝမ်မင်၏သဘောတကျဖြစ်နေပုံကို ကြည့်ပြီး ဘာပြောရမှန်းမသိတော့။

စိတ်ဝိဉာဉ်သားရဲက ပို၍အဆင်မြင့်လေ သူ၏မျိုးဆက်ကို မွေးထုတ်ပေးနိုင်စွမ်း နည်းလေဖြစ်သည်။ သို့သော် စိတ်ဝိဉာဉ်သားရဲသည် အမှန်ပင် မွေးရာပါ ကျင့်ကြံခြင်းအားသာချက်များရှိ၏။ ဥပမာအားဖြင့် တာဟေးသည် အဆက်မပြတ်တိုးတက်နေနိုင်ရုံသာမက သူ၏သားပေါက်များမှာလည်း အဆင့်မြင့်စိတ်ဝိဉာဉ်သားရဲအဖြစ် မွေးဖွားလာမည်ဖြစ်သည်။

သို့သော်... ဤအရာအားလုံးဖြစ်လာရန်အတွက်ကတော့...

ကလေးမွေးနိုင်ရန် တာဟေးသည် အရင်ဆုံး ဂေါ်ရီလာအမတစ်ကောင်ကို ရှာရမည်ဖြစ်သည်။

"ဝူး ဝူး ဝူး..."

တာဟေးသည် ဝမ်မင်အား နှုတ်ခမ်းများတွန့်ကာ စိုက်ကြည့်လိုက်၏။

သူက ငါ့ကို ထူးထူးဆန်းဆန်းပုံစံကြီးနဲ့ ကြည့်နေပါလား...

သူ့ကိုခေါက်ထားလိုက်ပါ။ ငါသာသာ သခင်လေးနဲ့ ကစားတော့မယ်...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now