စာစဉ်(၃၂) အပိုင်း(၁၁)

154 11 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၁)

အခန်း(၃၈၅-က)မလိုတမာစိတ်(၁)

ဇီယန်နှင့် ကျန်းလီ ငါးမိနစ်ကြာအောင် စကားပြောခဲ့ကြသည်။

ကျန်းလီက သိချင်စိတ်ဖြင့် မေးခွန်းများစွာမေးခဲ့ပြီးနောက် ဇီယန်က ကျန်းဟန်၏ရည်းစားဟောင်းအကြောင်း ပြောပြခဲ့သည်။

ဇီယန်သည် ၎င်းကို ထုတ်ပြောလိုက်ပြီးနောက် အနည်းငယ် စိုးရိမ်သွားသည်။ ကျန်းလီသည် သူမနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော်လည်း သူမသည် ကျန်းဟန်၏ညီမဖြစ်၏။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက သူမအစ်ကိုဘက်မှ ရှိနေမည်မှာ သေချာပေါက်ပင်။

သို့သော် သူမ ပြောပြနိုင်သူမှာ ကျန်းလီမှလွဲ၍ အခြားမည်သူ့ကိုမျှလည်း ရှာမတွေ့။

ထိုနောက် ဇီယန် နှုတ်ဆိတ်သွား၏။

ကျန်းလီသည် ဇီယန်၏စိုးရိမ်မှုကို သိသည်။ သူမ တုံ့ဆိုင်းသွားပြီးနောက် သူမအစ်ိကုအတွက် အာမခံပေးပါမည်ဟု ပြောခဲ့သည်။

"စိတ်မပူပါနဲ့။ အဲဒီရည်းစားဟောင်းဆိုတာ ဘယ်သူလဲ ငါဂရုမစိုက်ဘူး။ ဒီကိစ္စကို ငါနဲ့လွှဲထားလိုက်ပါ။ အဲဒါက မုန့်မုန့်အတွက်ပဲဆိုရင်တောင် သူ သူမကို အဲ့လိုမျိုး မြင်ခွင့်ပေးမှာမဟုတ်ပါဘူး။ ပြီးတော့ နင်က ငါ့ရဲ့ယောင်းမလေ"

ထိုစကားကိုကြားတော့ ဇီယန် စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။ "ဒါက မပြင်းထန်ပါဘူး။ ငါ ကျန်းဟန်ကို ယုံကြည်တယ်။ သူနဲ့မုန့်မုန့်ကို နှောင့်ယှက်မှာပဲ ငါစိုးရိမ်တာ"

"ဟားဟား.. ငါသိပါတယ်။ နင်နဲ့ငါ့အစ်ကိုက အရမ်းချိုမြိန်တာပဲ။ ငါ နင်တို့မင်္ဂလာပွဲကို မစောင့်နိုင်တော့ဘူး"

"...'

စကားအနည်းငယ်ပြောပြီးနောက် သူမ ဖုန်းချလိုက်၏။

ကျန်းလီ ခဏလောက် စဉ်းစားပြီးနောက် အစ်ကိုလုံ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ "အစ်ကိုလုံ ငါ့ရဲ့အချိန်ဇယားကို ၈ နာရီခွဲကနေ ၁၀ နာရီ အထိ အဲ မဟုတ်သေးဘူး ၁၁ နာရီအထိ ပြောင်းပေးပါလား။ ငါအခုတလော အလုပ်များနေလို့။ ချင်းချင်းအတွက်ရောပဲ သူမကိုလည်း ၁၁ ပြောင်းပေးပါလား"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now