စာစဉ်(၃၈) အပိုင်း(၃)

135 10 0
                                    

[စာစဉ်(၃၈) အပိုင်း(၃)] အခန်း(၄၂၈-ခ) သတင်းစာရှင်းလင်းပွဲ(၂)

သူသည် ကားများအား အမှတ်တမဲ့ကြည့်လိုက်ပြီးနောက် ဘေးဘက်ရှိ ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။

"ရှုယုံ သူတို့ကို အရင်ခေါ်သွားလိုက်။ ငါ နည်းပြလျိုနဲ့ ပြောစရာရှိသေးလို့..."

"ဟုတ်ကဲ့"

ထိုနောက် သူတို့ ဓာတ်လှေကားနှစ်ခုထဲသို့ တစ်ဖွဲ့စီ ဝင်သွားကြသည်။

ရှုယုံက ဇီရှီးယာနှင့် သူမ၏သူငယ်ချင်းများကို ကိုးလွှာသို့ ခေါ်သွားသည်။

"ဒါရိုက်တာရှု" ခန်းမထဲရှိ ကောင်တာတွင် အနောက်တိုင်းဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက သူတို့အား နှုတ်ဆက်သည်။

"ဟိုင်း" ရှုယုံက ပြန်ဖြေသည်။

ထိုနောက် သူ မိန်းကလေးများအား ပြောလိုက်သည်။ "ဆားဗစ်ကောင်တာမှာ ဝိတ်တာတွေ ၂၄ နာရီအချိန်ပြည့်ရှိတယ်။ မင်းတို့ တစ်ခုခုလိုအပ်ရင် သူတို့ကို ခေါ်လိုက်လို့ရတယ်"

"ဟုတ်ကဲ့ ကျေးဇူးပါ" ယုဝေက ခေါင်းညိတ်သည်။

"ဒီမှာ အတွင်းဆုံးအခန်းတွေကတော့ လူရှိတယ်။ ဘေးခန်းတွေနဲ့ ညာဘက်ကအခန်းတွေကတော့ လွတ်တယ်။ မင်းတို့ အဲဒီထဲက ကြိုက်တဲ့အခန်းကို နေလို့ရတယ်" ရှုယုံက ပြောသည်။

"အနီးဆုံးသုံးခန်း" ဇီရှီးယာက အနီးဆုံးရှိ သုံးခန်းကို ညွှန်ပြသည်။

အခန်းထဲဝင်လိုက်သည်နှင့် သပ်ရပ်ပြီး အထက်တန်းကျကျ ဇိမ်ခံဆန်ဆန် ပြင်ဆင်ထားသည်ကိုတွေ့လိုက်ရသဖြင့် လျိုရှားရှား အံ့ဩသွားသည်။

သူမတို့ ခရီးဆောင်အိတ်များကို ချပြီး မိနစ်အနည်းငယ်အကြာအောင် စကားပြောကြသည်။ ထိုနောက်တွင် ကျောက်ဖုန်း တက်လာပြီး ဇီရှီးယာအား လက်ပြလိုက်သည်။

"ငါ အစ်မဆီ ခဏသွားလိုက်ဦးမယ်။ ပြန်ရောက်မှာ ဆက်ပြောကြတာပေါ့" ဇီရှီးယာက ပြောပြီးနောက် ဝမ်းသာအားရ ပြေးထွက်သွားသည်။

"အစ်ကိုကျောက်ဖုန်း ကျွန်မခဲအိုက ဘယ်လောက်ချမ်းသာလဲ" ဓာတ်လှေကားထဲတွင် ဇီရှီးယာက ကျောက်ဖုန်းအား သိချင်စိတ်ဖြင့် စိုက်ကြည့်ရင်းမေးသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now