စာစဉ်(၃၆) အပိုင်း(၅)

181 10 1
                                    

[စာစဉ်(၃၆) အပိုင်း(၅)] အခန်း(၄၁၃-ခ) မြောင်းအတွင်းနက်နက်(၂)

တဖြည်းဖြည်းနှင့် သူတို့ ရေတိမ်ပိုင်းကို လွန်လာပြီး ပင်လယ်အောက်ခြေရှိ ထောင့်အကြီးကြီးကို ငုံ့ကြည့်လိုက်ကြသည်။ ကျန်းဟန်သည် ဇီယန်နှင့်အတူ မီတာ ၄၀၀ ခန့်အထိ အောက်သို့ ဆင်းလာပြီး နေရောင်က အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

ပင်လယ်နက်ဧရိယာ၏ဆန်းကြယ်မှုနှင့် နှိုင်းယှဉ်ပါက ဇီယန်သည် အစောပိုင်းက ရေတိမ်ပိုင်း၏လှပသောရှုခင်းကို ပို၍ နှစ်သက်၏။

၎င်းကို စဉ်းစားပြီးနောက် ဇီယန်သည် ပြန်သွားရန် စိတ်ကူးလိုက်သည်။

ထိုအချိန်တွင် သူမ၏ခါးကိုတွန့်လိမ်ကာ လှည့်လိုက်ပြီး ကျန်းဟန်၏ခန္ဓာကိုယ်ကို သူမ၏ခြေလက်များဖြင့် သိုင်းဖက်လိုက်သည်။

ကျန်းဟန်သည် သူမ၏ခန္ဓာကိုယ်မှ နူးညံ့မှုကို ခံစားနိုင်သည်။

ဇီယန်၏မျက်လုံးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကျန်းဟန်အား နမ်းလိုက်သည်။

ထိုသို့ဖြင့် သူတို့ မီတာရာနှင့်ချီ နက်သော ပင်လယ်ကြမ်းပြင်တွင် ငါးမိနစ်ကြာ အနမ်းဖလှယ်ခဲ့ကြသည်။

ထိုအတွေ့အကြုံက ခံစားကြည့်နိုင်သော်လည်း ဖော်ပြ၍မစွမ်းနိုင်ချေ။

"အွန်း..." နှုတ်ခမ်းများကို ခွာလိုက်သည့်အခါ ဇီယန်၏မျက်လုံးများမှာ မြူမှုန်များ ဖုံးလွှမ်းနေသလိုပင်။

သူမသည် ကျန်းဟန်အား မှိန်ထွေထွေစိုက်ကြည့်နေရာ ၎င်းက ကျန်းဟန်အတွက် တိတ်ဆိတ်စွာ သွေးဆောင်နေသလိုဖြစ်ပြီး သူ့အား ထပ်မံပူလောင်လာစေပြန်သည်။

"ကိုယ်တို့ ပင်လယ် ပင်လယ်အော်ကထဲမှ ပျော်စရာတစ်ခုခုလုပ်ကြမလား"

ကျန်းဟန်၏ဆန္ဒများက စတင်ပြိုကျလာသည်။

သို့သော် နောက်အခိုက်အတန့်တွင် ဇိယန်သည် ရုတ်တရက် မျက်လုံးဖွင့်လာသည်ကို သူ တွေ့လိုက်၏။

"အား... ငါးမန်းကြီး" သူမ အော်ဟစ်လိုက်၏။ "သွားရအောင်"

ကျန်းဟန် အနည်းငယ် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်အား လိုက်ကြည့်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now