စာစဉ်(၃၇) အပိုင်း(၉)

168 10 0
                                    

[စာစဉ်(၃၇) အပိုင်း(၉)] အခန်း(၄၂၄-က)အံ့အားသင့်နေသည့် ဇီမိသားစု(၁)

ဇီရှီးယာ တည်ငြိမ်နေခဲ့သည်။

သူမ၏အမြင်တွင် အောက်ထပ်ရှိ စန္ဒယား၊ ဝိုင်ဗီရိုအတွင်းအတွင်း ဝိုင်ပုလင်းများ၊ ညလင်းပုလင်းများနှင့် Rolls-Royce နှစ်စီးအပါအဝင် စားသောက်ဆိုင်ငယ်လေး၌ တန်ဖိုးကြီးပစ္စည်းအများအပြားရှိသော်လည်း စုစုပေါင်းတန်ဖိုးမှာ ဇီမိသားစုအတွက်တော့ ဘာမှမဟုတ်ချေ။

စီးပွားရေးလုပ်ငန်းမိသားစုတစ်ခုထက် ဘယ်သူက ပိုချမ်းသာနိုင်မှာလဲ။ လာနောက်နေတာလား...

ဘာပဲဖြစ်ဖြစ် သူက ဇီမိသားစုရဲ့စည်းမျဉ်းတွေကို လျှော့တွက်ထားလွန်းတယ်...

ဇီရှီးယာ သက်ပြင်းချလိုက်သည်။

အစ်မလုပ်လိုက်တာက ပြန်ပြင်လို့မရနိုင်တဲ့ကိစ္စဖြစ်လိမ့်မယ်လို့ ငါထင်တယ်။ သူတို့ရဲ့ကလေးတောင် ဒီအရွယ်ရောက်နေပြီဆိုတော့ ဇီမိသားစုက သူတို့ရဲ့အိမ်ထောင်ရေးကို ဆန့်ကျင့်မှာ မဟုတ်တော့ဘူး...

ဒါပေမယ့်... လွန်ခဲ့တဲ့နှစ်နှစ်က ဝမ်းကွဲအစ်ကို ကလေးတစ်ယောက်ကို အိမ်ပြန်ခေါ်လာပေမယ့် ဘယ်သူမှ သူ့ကို အသိအမှတ်မပြုခဲ့ဘူး...

မိသားစုမှ စည်းကမ်းတွေအရမ်းများတယ်။ အထူးသဖြင့် လက်ရှိမိသားစုခေါင်းဆောင်ကို မိသားစုအာဏာလွှဲပြောင်းပေးပြီးတဲ့နောက်မှာ စည်းမျဉ်းတွေ ပိုပြီး တင်းကျပ်လာတယ်...

တကယ်လို့....

သူမ တွေးနေစဉ် ဖုန်းက မြည်လာသည်။

နံပါတ်ကို ကြည့်လိုက်ပြီးနောက် သူမ ဖုန်းကိုင်လိုက်၏။ "အမေ သမီး ဟောင်ကောင်ကို ရောက်ပြီ။ အင်း ဟုတ်တယ် အစ်မဇီယန်နဲ့ တွေ့တယ်။ အခု သူ့ဆီမှာ ရောက်နေတာလေ။ ပြီးတော့ အစ်မက အခု ကောင်းမွန်တဲ့ဘဝတစ်ခုရှိနေပြီ... ဟို..."

ဇီရှီးယာ မျက်မှောင်ကြုတ်ကာ မိုက်ကို လက်ဖြင့်အုပ်လိုက်ပြီး ဇီယန်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။ "ငါ သူ့ကို အမှန်တိုင်းပြောလိုက်လို့ရလား"

ဇီယန် အနည်းငယ် အံ့ဩသွားသည်။ သူမ ကျန်းဟန်အား ကြည့်လိုက်ပြီး ရယ်မောကာ ခေါင်းညိတ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now