စာစဉ်(၃၇) အပိုင်း(၃)

158 10 0
                                    

[စာစဉ်(၃၇) အပိုင်း(၃)] အခန်း(၄၂၀-ခ)လက်ထပ်ခွင့်တောင်းရန် စဉ်းစားခြင်း(၂)

"ဟွန့် ဒါဆို ကျွန်မကို ချစ်တယ်လို့ပြော" ဇီယန်က မျက်လုံးလှလှလေးများဖြင့် တလဲ့လဲ့ကြည့်ရင်း ပြောသည်။

"ကိုယ်မင်းကို ချစ်တယ်"

"မွ"

ဇီယန်က အနားတိုးကပ်ကာ ကျန်းဟန်အာ နမ်းလိုက်သည်။

"နောက်တစ်ခေါက် ထပ်ပြောဦး"

"ကိုယ်မင်းကို ချစ်တယ်"

"မွ"

"မင်း ကိုယ့်ကို လက်ထပ်ချင်လား"

"ကျွန်မ အဲဒါကို မျှော်နေတာ"

"မွ"

ကျန်းဟန်က ဇီယန်၏ ခေါင်းကို နောက်ပြန်ဆုတ်ခွင့်မပေးတော့ဘဲ နှစ်ယောက်သား အနမ်းရှည်ကြီး ပြင်းပြစွာ နမ်းလိုက်ကြသည်။

သူတို့ အချိန်များကို မေ့သွား၏။ သို့သော် ၎င်းက အတော်ကြာသွားသည်ကိုတော့ သိကြသည်။ ဇီယန်၏ညဝတ်အင်္ကျီများ သူမ၏ခန္ဓာကိုယ်နှင့် ကင်းကွာသွားသည်နှင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် တင်းကြယ်စွာ ဖက်တွယ်ထားကြရင်း ပို၍ပို၍ ပူလောင်လာကြသည်။

ကျန်းဟန်သည် ဇီယန်ကို ပွေ့ချီကာ ဒုတိယအိပ်ခန်းဆီသို့ သွားလိုက်ပြီး တံခါးကို ပိတ်လိုက်၏။

ဇီယန်၏ ချိုမြိန်၍ ဆက်ဆီကျဆွဲဆောင်မှုရှိသော ညည်းညူးသံများကို တိုးညှင်းစွာ ကြားလိုက်ရသည်။ နောက်ဆုံးတွင် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ ညည်းညူမိတော့သည်။

တစ်ချိန်တည်းမှာပင် လဆန်းတောင်၏နောက်၌ ကားနှစ်စီး တိတ်ဆိတ်စွာ ရပ်ထားသည်။

ရှေ့ဆုံးတွင် ကောင်းကင်ဆေးလုံးဂိုဏ်းမှ ကာကွယ်သူတုက ဦးဆောင်ပြီး တပည့်အချို့က သူ့နောက်မှ လိုက်လာကြသည်။

သူတို့သည် ဟောင်ကောင်သို့ ရောက်နေသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး သူတို့၏ပစ်မှတ်မှာ ဒြပ်စင်ငါးမျိုးဆေးမီးဖိုဖြစ်သည်။

တစ်ခါတစ်ရံ ကာကွယ်သူတုသည် ဒြပ်စင်ငါးမျိုးဆေးမီးဖိုကို ကြည့်ရှုရန် ရတနာစံအိမ်သို့ သွားလေ့ရှိ၏။ သို့သော် နောက်ဆုံးတစ်ခေါက် သူ ရောက်ရှိသွားချိန်တွင် ဆေးမီးဖိုမှာ မရှိတော့သည်ကို တွေ့လိုက်ရသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now