စာစဉ်(၃၅) အပိုင်း(၄)

176 10 0
                                    

[စာစဉ်(၃၅) အပိုင်း(၄)] အခန်း(၄၀၃-ခ) အပန်းဖြေခြင်း(၂)

တစ်ချိန်တည်းမှာပင် သူတို့ တွေးလိုက်ကြ၏။

ရှီခွမ်းကို ဒီလိုသဘောထားမျိုးနဲ့ ဆက်ဆံခဲ့တယ်ပေါ့။ သူက အရမ်းအစွမ်းထက်လွန်းတယ်...

သူ၏ဂုဏ်သိက္ခာအတွက် အမြဲတမ်း တိုက်ခိုက်လိုသော ရှီခွမ်းသည် ကျန်းဟန်၏ရန်စမှုကို သည်းခံနိုင်စွမ်းရှိမည်ဟု သူတို့ မထင်ထားခဲ့ချေ။

"အဲဒီလူက ဘယ်သူလဲ" ဇီယန်က ကျန်းဟန်ကိုကြည့်ကာ မေးသည်။

ဝမ်မင်က ထိုမေးခွန်းကို‌ ဖြေခါနီးတွင် ကျန်းဟန်က ပြောလိုက်သည်။ "အရေးမပါတဲ့ အဘိုးကြီးပါ"

"အင်း"

ဝမ်မင်သည် ကျန်းဟန်အား သာမန်လူတစ်ယောက်လို လုံးဝ ဆက်ဆံ၍မရမှန်း သိလိုက်၏။

ကျန်းဟန်နှင့် တဖြည်းဖြည်းထိတွေ့ဆက်ဆံမိလာလေ သူသည် တစ်ဖက်တွင် ထက်မြက် ရက်စက်ပြတ်သား၍ အလွန်ထူးခြားသူဖြစ်ပြီး အခြားတစ်ဖက်တွင် အလုပ်ကြိုးစားသူ၊ နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူဖြစ်ကြောင်း ခံစားရသည်။

ဘယ်ဟာက သူ့ရဲ့အစစ်အမှန်လဲ...

ဝမ်မင် ၎င်းကို တွေးကြည့်သည်။ ခဏအကြာတွင် ကျန်းဟန်က မုန့်မုန့်နှင့် ပြုံးရွှင်၍ ကစားနေသည်ကိုကြည့်ပြီး ရုတ်တရက် သူ သဘောပေါက်သွားသည်။

ဤပုံစံနှစ်မျိုးသည် အမှန်တကယ်တမ်းတွင် ကျန်းဟန်၏ မိသားစုအပေါ်ဆက်ဆံပုံနှင့် ပြင်လူများအပေါ်ဆက်ဆံပုံ ကွာခြားချက်ဖြစ်၏။

ကံကောင်းစွာနဲ့ ငါက ပထမတစ်ခုဖြစ်ဖို့ အခွင့်အရေးရခဲ့တယ်...

ဤအခြေအနေမျိုးတွင် ရှိနေသည့်လူအားလုံးသည် ဝမ်မိသားစုဝင်များ သို့မဟုတ် လူကြီးများချည်းသာဖြစ်ပါက လေထုမှ ပိုမိုလေးနက်နေပေလိမ့်မည်။

သို့သော် မင်းသမီးလေး၏တည်ရှိမှုကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ကားထဲရှိ အငွေ့အသက်က ပြန်လည်ပျော်ရွှင်လာခဲ့သည်။

မုန့်မုန့်သည် အခြားသူများအား ပျော်ရွှင်စေနိုင်သည့် မှော်အစွမ်းတစ်မျိုး ရှိပုံရ၏။ သူမအား မြင်လိုက်ရသည့်သူတိုင်း သူမကို သဘောကျကြပြီး သူမနှင့် အတူကစားချင်ကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now