စာစဉ်(၄၀) အပိုင်း(၂)

121 9 0
                                    

[စာစဉ်(၄၀) အပိုင်း(၂)] အခန်း(၄၄၅-ခ) ပိုသန်မာတဲ့သူဆိုတာအမြဲတမ်းရှိနေတယ်(၂)

အဝေးမှ တိုက်ပွဲကိုစောင့်ကြည့်နေကြသည့် လူအပ်ကြီးမှာလည်း နောက်မဆုတ်မိဘဲမနေနိုင်ကြချေ။ သူတို့ ကြောက်ရွံ့စွာဖြင့် "စင်္ကာပူရဲ့ ထိပ်တန်းလူငယ်သိုင်းပညာရှင်က ဘာကြောင့် ဒီလောက်အားနည်းရတာလဲ"

"မင်းစကားပြောတာ သတိထား။ သူ့ပြိုင်ဘက်က လူငယ်တပည့်မဟုတ်ဘူး။ အတွေ့အကြုံရှိတဲ့ ဂရန်းမာစတာတစ်ယောက်ပဲ"

"နတ်ဆိုးလေဂိုဏ်းက အရမ်းကြောက်စရာကောင်းတယ်"

"..."

ကြည့်ရှုနေသူများ စကားပြောနေချိန်တွင် ကောင်းကင်အဆောင်ဂိုဏ်းမှ လူများသည် သစ်ပင်ခြောက်ဧရိယာမှ မီတာ ၃၀ သာဝေးသည့်နေရာသို့ ဆုတ်ခွာသွားကြသည်။

ရုတ်တရက်...

ဖာဂျာရာသည် သူ၏လက်များကို ဖွင့်ကာ တိုးညှင်းသည့်အသံဖြင့် လျင်မြန်စွာ မန္တန်ရွတ်ဆိုလိုက်သည်။

တစ်စက္ကန့်မပြည့်မီတွင် ရှိနေသည့်လူအားလုံး သူတို့၏အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသလို ခံစားလိုက်ရသည်။

ရုတ်တရက် ဖာဂျာရာ၏မျက်လုံးများထဲတွင် အလင်းရောင်ဖျော့ဖျော့တစ်ခု လင်းလက်သွားပြီး သူ၏လက်များမှ ပြေးထွက်လာသည့် အနက်ရောင်လေထုမှာ ပိုမိုပြင်းထန်လာသည်။ ၎င်းတို့မှာ ဘယ်နှင့်ညာသို့ လျင်မြန်စွာ ရွေ့လျားလာပြီး ကောင်းကင်အဆောင်ဂိုဏ်းမှလူများအား ဝိုင်းရံရန် အဆင်သင့်ဖြစ်နေသည်။

အောင်းယွမ်၏မျက်နှာမှာ ပြောင်းလဲသွားပြီး ရုတ်တရက် သူ၏ညာဘက်လက်ထဲတွင် အပြာရောင်အဆောင်စာရွက်တစ်ခု ပေါ်လာပြီး ညာဘက်လေထဲသို့ လွှင့်ပစ်လိုက်သည်။ အောင်းယွမ်၏လက်များမှာ အလျားလိုက်မြှောက်ထားပြီး ထိုအဆောင်စာရွက်ကို ထိန်းချုပ်ကာ သူ၏စိတ်ဝိဉာဉ်စွမ်းအားကို ထိုအထဲသို့ အဆက်မပြတ်ထည့်သွင်းနဲ့ပြိး ညာဘက်ရှိလေထု၏တိုက်ခိုက်ခြင်းကို ယာယီပိတ်ဆို့ထားသည်။

သို့သော် သူသည် ပို၍ပို၍ စိတ်ဓာတ်ကျလာ၏။ အကြောင်းမှာ အနက်ရောင်လေထုက သူ့ဆီသို့ အဆက်မပြတ်ချဉ်းကပ်လာသောကြောင့်ပင်။ သူ့တွင် ၎င်းကို ခုခံရန် လက်မအားချေ။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now