စာစဉ်(၃၄) အပိုင်း(၁)

185 10 0
                                    

[စာစဉ်(၃၄)အပိုင်း(၁)]အခန်း(၃၉၄-က)ခရီးစဉ်(၁)

လဲ့ထျန်းနန်သည် ဤတစ်ကြိမ်တွင် ကျန်းဟန်အား ကာကွယ်ရန် အခိုင်အမာရွေးချယ်ခဲ့သည်။

ဟဲချင်းတန်အတွက်တော့ လဲ့ထျန်းနန်အား လုံးဝဆန့်ကျင်ရန် စီစဉ်ထားသည်။ တစ်ကိုယ်တော်ကျင့်စဉ်ဝင်စဉ်အတွင်း သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုအား သိမြင်ခဲ့သဖြင့် ၎င်းကို လဲ့ထျန်းနန်နှင့် စမ်းသပ်ကြည့်ချင်နေသည်။

သို့သော် ထိုပဋိပက္ခ၏အဓိပုဂ္ဂိုလ်ဖြစ်သည့် ကျန်းဟန်သည်တော့ ဤအချိန်တွင် သဘာဝတရား၏ကိစ္စရပ်ကို ပြုလုပ်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသည်။ သူ့အောက်ရှိ နူးညံ့၍ချစ်စရာကောင်းသော ဇီယန်အား ကြည့်ပြီး ဤခံစားချက်ကို တစ်ယောက်တည်း ရင်ဝယ်ပိုက်ထားလိုက်ချင်သည်။

အခြားတစ်ဖက်ရှိ မက်မွန်ပန်းဟိုတယ်တွင်...

ပါတီပွဲမှာ နှုက်ဆက်ညစာစားပွဲအဖြစ် ဇီယန်က သဘောတူထားလဲ့သော်လည်း ယခုတော့ ဟာသတစ်ခုဖြစ်သွားခဲ့ပြီမှာ ထင်ရှားပေသည်။

တက်ရောက်လာသူအားလုံးသည် တစ်ဦးနှင့်တစ်ဦး ရင်းနီးနေကြသည့်အတွက် စိတ်ကသိကအောက်မဖြစ်ကြဘဲ အတူစုံစည်းကြရန် အခွင့်အရေးတစ်ခုအဖြစ်သာ သဘောထားကြသည်။

လျန်မုန့်ချီသည် ထမင်းစားခါနီးတွင် ကျောက်ဖုန်းထံမှ ဖုန်းဝင်လာပြီး သူနှင့်အတူ သိုးသားကင်စားချင်သလားဟု မေး၏။

စားသောက်ဆိုင်မှ ဟင်းလျာများကို မစားရတာ ရက်အတန်ကြာပြီဖြစ်၍ အစားချစ်သူတစ်ဦးအနေဖြင့် သူ၏ဖိတ်ကြားချက်ကို ငြင်းမည်မဟုတ်သည်မှာ သေချာပေသည်။

"အစ်ကို ဟိုမှာ အရသာရှိတဲ့စားစရာရှိတယ်။ သိုင်းကောင်လုံးကင်တဲ့။ သူတို့ မုန့်မုန့်လုံခြုံရေးကုမ္ပဏီမှာ ကင်နေကြတာ။ ပြီးမှ အဲ့ကိုသွားစားကြမလား" လျန်မုန့်ချီက လျန်ဟောင်ဆီ အပြေးလာပြီး ပြောသည်။

"အိုခေ ပါတီပွဲပြီးရင် အဲဒီကို သွားကြမယ်" လျန်ဟောင်က ခေါင်းညိတ်သည်။

ခန်းမထဲတွင် ပထမဆုံးပြန်သွားသူများမှာ ဟုန်ချီထောင်နှင့်လိုက်လာသည့် တော်ဝင်အန်တာတိတ်မန့်မှ လူများဖြစ်သည်။ ထိုနောက် ထန်ကျားယီနှင့် သူမ၏အပေါင်းအသင်းများလည်း ဆက်တိုက်ပြန်သွားကြသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now