[စာစဉ်(၃၉) အပိုင်း(၆)] အခန်း(၄၃၉-ခ) ကျိန်စာသင့်လှေ(၂)
"ဟမ်... ဟွန့်" မုန့်မုန့်က အမူအရာတစ်ခုကို အမြန်စဉ်းစားလိုက်သည်။ သူမ၏မျက်နှာလေးကို လက်နှစ်ချောင်းဖြင့် ဖိထားပြီး ပါးပြင်းလေးများကို ဖောင်းကာ ရွှေငါးလေးတစ်ကောင်လို နှုတ်ခမ်းလေးကို စူပြလိုက်သည်။
ထိုအခါ ရေငုပ်သမား အေးခဲသွား၏။
ဤခက်ခဲသည့်အမူအရာကို သူ လိုက်တု၍မရချေ။
ထို့ကြောင့် သူသည် အခြားခရီးသည်များရှိရာသို့ ကူးသွား၏။
မုန့်မုန့်က ရယ်မောက ပြောသည်။ "ဖေဖေ သူ ပြေးသွားပြီ"
ထိုနောက် သူတို့ နေ့လယ်စာစားရန် ထွက်လာခဲ့ကြသည်။
သူတို့၏နောက်ထပ်ဦးတည်ရာမှာတော့ ရေစွန့်စားပန်းခြံဖြစ်သည်။ ထိုနေရာသို့ရောက်သည့်အခါ မုန့်မုန့်မှာ အလွန်ရွှင်မြူးသွား၏။
ရေကစားပန်းခြံမှာ မူလအတိုင်း တည်ဆောက်ထားသည်။
ရေလွှာလျှောစီး၊ ပြောင်းပြန်လျှောစီးတို့မှာ မုန့်မုန့်အတွက် လုံးဝထူးခြားကွဲပြားသည့် အတွေ့အကြုံဖြစ်သည်။
လူများသည် ရောင်စုံငါးပေါင်း ၂၀,၀၀၀ ဖြင့် အတူရေကူးနိုင်သည်။ ကြည်လင်ပြတ်သားသည့်ရေထဲ၌ လူများမှာ ငါးများကို လက်ဖြင့်ပင် ထိတွေ့နိုင်၏။
ရေကစားပန်းခြံတွင် ကျန်းဟန်၊ ဇီယန်နှင့် မုန့်မုန့်တို့ ငှက်ပျော်လှေပေါ်တွင် ထိုင်ခဲ့ကြသည်။ သူတို့ အမြင့်မှ လျှောချကာ စောင်းကိုကျော်ဖြတ်ပြီးနောက် ရေကူးကန်ထဲသို့ ပြုတ်ကျလာသည်။ ရေက ရေကန်တစ်ခုလုံးကို ပက်ဖြန်းသွားပြီး မုန့်မုန့်နှင့် ဇီယန်တို့ အော်ဟစ်လိုက်ကြ၏။
စိတ်လှုပ်ရှားစရာကစားနည်းခုနှစ်ခုအပြင် စိတ်ဝင်စားစရာကောင်းသည့် ပရောဂျက်တစ်ဒါဇင်ခန့်ကိုလည်း စမ်းကြည့်ခဲ့ကြသည်။
မုန့်မုန့်မှာ တစ်ချိန်လုံး ရယ်မောနေပြီး အလွန်ပျော်ရွှင်နေ၏။
မှောင်ရီပျိုးလာပြီဖြစ်၍ ဇီယန်က နာရီကို တစ်ချက်ကြည့်သည်။
YOU ARE READING
အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိ
Romanceအင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...