စာစဉ်(၃၂) အပိုင်း(၂)

170 13 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၂)

အခန်း(၃၈၀-ခ)ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သတင်းကအရေးပါခဲ့တယ်(၂)

သို့သော် တာဟဲ၏စကားကြောင့် လျန်ဟောင် အံ့အားသင့်သွားခဲ့သည်။

"သူ့မှာ နောက်ခံတချို့ရှိတာလား"

၎င်းကိုစဉ်းစားလိုက်ပြီးနောက်တွင်ပင် သူ စိတ်သက်သာရာမရသေးချေ။ သူကိုယ်တိုင်မှာ အစွမ်းထက်ပြီး သူတို့လူထပ်ခေါ်လျှင်ပင် ကြောက်မည်မဟုတ်သော်လည်း ဒေသခံအာဏာရှင်များကို ဖိနှပ်ရန်တော့ ခက်ခဲနေသေးသည်။

သူ သိပ်မသေချာသည့်အတွက်ကြောင့် နောက်ထပ်လူများကို ဆက်သွယ်ထားတာက ပိုကောင်းမည်ဟု တွေးမိသည်။

ထို့ကြောင့် WeChat ကိုဖွင့်ကာ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။ "ရှောင်ဟွေ့၊ ငါ ဟောင်ကောင်ကိုရောက်နေတယ်။ ငါ့ညီမနဲ့ ကော့စ်ဝေးပင်လယ်ကွေ့မှာ ညစာစာနေတာ။ ဒါပေမယ့် ဒီမှာ ပြဿနာတချို့တက်နေလို့..."

"ဝိတ်တာ ထိုင်ခုံနဲ့ စားပွဲပေါ်က စားစရာတွေကို ဒီကိုယူလာခဲ့ပေးပါ" လျန်မုန့်ချီက ပုန်းရှောင်နေသည့် စားပွဲထိုးကို လက်ပြလိုက်သည်။

စားပွဲထိုးက အစားအသောက်များကို ယူလာပေးပြီး နောက်ထပ် ထိုင်ခုံတစ်လုံး ထည့်ပေးလိုက်သည်။ ထိုနောက် လျန်မုန့်ချီနှင့် လျန်ဟောင်တို့ ထိုင်လိုက်ကြ၏။

"လီလီ ဘာမှမစိုးရိမ်နဲ့။ ဒီမှာ ငါ့အစ်ကိုရှိနေမှတော့ ငါတို့ အဆင်ပြေသွားလိမ့်မယ်" လျန်မုန့်ချီက ကျက်သရေရှိစွာ ပြုံးလိုက်သည်။

"လျန်မုန့်ချီ ပုံမှန်လိုပဲပြောပါ။ ငါ နင့်အကြောင်း မသိဘူးထင်နေလား" ကျန်းလီက သူမအား မျက်စောင်းထိုးလိုက်ပြီး ဒေါသတကြီးပြောသည်။ "နင်ဘာတွေးနေလဲ ငါသိတယ်နော်။ ငါ့ကို လာဘ်ထိုးဖို့မကြိုးစားနဲ့။ နင် ငါ့အစ်ကိုနဲ့အတူတူရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"ဟားဟား... ငါ နင့်ကို ဖားဖို့ မကြိုးစားပါဘူး" လျန်မုန့်ချီက ကျန်းဟန်နှင့်အတူရှိနိုင်မည်မဟုတ်ဆိုသည့် အချက်ကို လက်ခံထားပြီဖြစ်သောကြောင့် ထိုစကားများကို သူမ စိတ်မရှိချေ။ သူမ ရယ်မောကာ "အကယ်၍ ငါသာ စောစောပေါ်လာခဲ့ရင် အခုချိန် နင်ငါ့ကို ယောင်းမလို့ ခေါ်နေရမှာ"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိDonde viven las historias. Descúbrelo ahora