စာစဉ်(၃၃) အပိုင်း(၁၄)

187 10 0
                                    

စာစဉ်(၃၃)အပိုင်း(၁၄)အခန်း(၃၉၃-ဂ)ခေါင်းဆောင်းနီနှင့်ကောင်မလေးရောက်ရှိခဲ့ပြီ(၃)

ကျန်းဟန် စိတ်ရှုပ်သွားထွေးသွား၏။

ဝှစ်

ရုတ်တရက် လမင်းက နေကြတ်နေသည့်နေမင်းပမာ ပွင့်လာလေသည်။

ဝုန်း

နောက်ထပ် ခပ်အုပ်အုပ်အသံတစ်ခု ကြားလိုက်ရ၏။

သူ၏ဒျန်တျန်တွင် နောက်တစ် တစ်လက်မ ပိုလာခဲ့သည်။

ဆယ်လက်မဒျန်တျန်...

ကျန်းဟန် ကြက်သေသေသွားသည်။

ဘာဖြစ်နေတာလဲ။ ဒါ အိပ်မက်လား...

မဟုတ်ဘူး။ အိပ်မက်မဟုတ်ဘူး...

ဒါပေမယ့် ကိုးလက်မက အမြင့်ဆုံးလေ။ ကိုးလက်မဒျန်တျန်က ပြီးပြည့်စုံတဲ့အခြေခံအုတ်မြစ်ကို ဖန်တီးပေးတယ်။ ဒါပေမယ့် ဆယ်လက်မဆို ဘာဖြစ်မှာလဲ...

အိုး..

ငါ နားလည်ပြီ။ ပြီးပြည့်စုံတဲ့အခြေခံအုတ်မြစ်ဆိုတာက နာမည်တစ်ခုသက်သက်ပဲ။ အဲဒါက အတားအဆီးတစ်ခုလိုမျိုးပဲ။ ကျင့်ကြံခြင်းဆိုတာ အတားအဆီးတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရတာမလား...

ငါသိပြီ။ ကိုးလက်မက အမြင့်ဆုံး။ ဒါပေမယ့် ဒီကမ္ဘာမှာ အမြင့်ဆုံးဆိုတာထက် ကျော်လွန်တဲ့အရာတွေ ရှိတာပဲ...

ကျန်းဟန် ၎င်းကို အဖြေရှာနိုင်သည့်အချိန်မှာပင် လမင်းက ရုတ်တရက် တောက်ပမှုရပ်တန့်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထိုနောက် ကျန်းဟန် သတိပြန်ဝင်လာ၏။

သူ မျက်လုံးပြန်မြင်နိုင်သည့်အချိန်တွင် အခန်းထဲတွင်ရှိနေသည်ကို မြင်လိုက်ရသည်။

အချစ်တိုက်ပွဲပြီးဆုံးပြီးနောက် သူနှင့် ဇီယန်၏ ခန္ဓာကိုယ်တွင် ချွေးစက်များရှိနေသေး၏။

ကျန်းဟန် သူ၏စိတ်ဝိဉာဉ်ခွန်အားကို စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်နှာထက်တွင် အလွန်ရှုပ်ထွေးသည့် အပြုံးတစ်ခုပေါ်လာသည်။

သူ၏ဒျန်တျန်မှတဆင့် စီးဆင်းလာသည့် စိတ်ဝိဉာဉ်စွမ်းအားသည် အရည်အသွေးပိုင်း ပြောင်းလဲမှုဖြစ်သွားပြီး သူ၏အတိတ်ဘဝက ပြီးပြည့်စုံသည့်အခြေခံအုတ်မြစ်ထက်ပင် ပို၍ သန်မာနေခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now