စာစဉ်(၃၄) အပိုင်း(၁၃)

158 14 0
                                    

[စာစဉ်(၃၄)အပိုင်း(၁၃)]အခန်း(၄၀၁-က)ဝိဉာဉ်ခုနှစ်ပါးအဆိပ်(၁)

နေ့လည် ၁ နာရီ ခွဲခန့်တွင် စားသောက်ပြီးကြကာ ခဏလောက် အနားယူကြသည်။ နေ့လည် ၂ နာရီခန့်တွင် လမ်းလျှောက်ထွက်ကြရန် စီစဉ်ထား၏။

"ဒီနေရာက ဒီမှာနာမည်အကြီးဆုံးဆုံးရှုခင်း အနောက်ဘက်ရေကန်လေ။ နေ့ခင်းတုန်းက အချိန်သိပ်မရလို့ ဒီနေ့ အဲ့ကိုဘဲ လမ်းလျှောက်ကြရအောင်။ တခြားနေရာတွေကိုတော့ မနက်ဖြန် သန်ဘက်ခါမှာ သွားကြတာပေါ့" ဝမ်မင်က ပြောသည်။

ကျန်းဟန်နှင့် ဇီယန်တို့သည် လာမည့်ရက်များတွင် ဤနေရာတွင်နေကာ အားလပ်ချိန်များစွာရှိသောကြောင့် ရှုခင်းကြည့်ရန်အတွက် ဘယ်ကိုပဲသွားသွား ဂရုမစိုက်ချေ။

အနောက်ဘက်ရေကန်သည် ကျန်းဟန်နှင့် ဇီယန်တို့အား အနည်းငယ်သာ စွဲဆောင်နိုင်စွမ်းရှိသည်။ အကြောင်းမှာ သူတို့နှစ်ယောက်စလုံး ဤနေရာသို့ ယခင်က ရောက်ဖူးကြ၏။

"သူတို့က လဆန်းပင်လယ်ကွေ့မှာနေတာ ပင်လယ်ရှုခင်းတွေ မြင်နေကျဖြစ်နေမှာပေါ့။ အနောက်ဘက်ရေကန်က သူတို့ကို ဘယ်လိုလုပ် စွဲဆောင်နိုင်ပါ့မလဲ။ ဒီနေ့ စုန့်မြို့ကို ရှုခင်းသာကို သွားကြရအောင်" ယုံကျားရှင်းက ပြောသည်။

"အင်း သွားကြတာပေါ့" ဝမ်မင်က ပြုံးကာ ပြန်ဖြေသည်။

"သွားကြမယ်" မုန့်မုန့်လေးသည် ကျန်းဟန်၏ရင်ခွင်ထဲတွင် ရွှင်မြူးနေ၏။

အပြင်ထွက်သည့်လမ်းတွင် ယုံကျားရှင်းသည် မုန့်မုန့်က ကျန်းဟန်၏လက်မောင်းပေါ်တွင်သာ အမြဲတမ်းရှိနေသည်ကို တွေ့ရသဖြင့် ဇီယန်ကို တိုးတိုးလေးပြောသည်။ "မုန့်မုန့်က အသက်လေးနှစ်ပြည့်တော့မယ်။ သူ့ကို လမ်းလျှောက်အလေ့အကျင့်ဖြစ်အောင် ထားသင့်တယ်။ သမီးတို့ သူ့ကို တစ်ချိန်လုံး ချီထားလို့မရဘူး။ သူ့အရွယ်ကလေးတွေက အမှီအခိုကင်းတဲ့အလေ့အကျင့်တွေကို မွေးမြူပေးထားသင့်တယ်။ အဲဒါက နောင်မှာ သမီးတို့အတွက် ပိုပြီးလွယ်ကူစေမှာလေ"

အသက်ကြီးသူအနေဖြင့် သူတို့သည် ကျန်းဟန်နှင့် ဇီယန်တို့ထက် မိဘအုပ်ထိန်းမှုအကြောင်းကို ပိုမိုသိရှိနားလည်ကြသည်။ လူကြီးသူမများ၏ အတွေ့အကြုံများမှာ တစ်ခါတစ်ရံတွင် ရတနာတစ်မျိုးဖြစ်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now