စာစဉ်(၃၃) အပိုင်း(၁၀)

163 12 0
                                    

စာစဉ်(၃၃)အပိုင်း(၁၀)အခန်း(၃၉၁-ဂ)ပျောက်ဆုံးမှု(၃)

စားသောက်ဆိုင်တစ်ခုလုံး ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေချိန်တွင် ချောင်မိသားစု၏အဓိကစံအိမ် ခန်းမထဲ၌ ခေါင်းဆောင်ချောင် ဦးဆောင်သည့် မိသားစုအကြီးကဲစီနီယာအဖွဲ့ဝင် ၁၃ ယောက် ထိုင်နေကြသည်။

အခန်းတွင်းလေထုမှာ တင်းမာလွန်းနေပြီး သူတို့ တစ်ယောက်ယောက်ကို စောင့်နေကြပုံရသည်။

ရုတ်တရက် ခန်းမတံခါးပွင့်လာ၏။

ချောင်လောလောက ပေါ့ပေါ့ပါးပါးအဝတ်အစားများဖြင့် လေးဖင့်စွာ ဝင်လာခဲ့သည်။

"ဘိုးဘိုး လေယာဉ်ပေါ်ကဆင်းတာနဲ့ တန်းပြီးခေါ်လာတာပဲ။ အလုပ်ခိုင်းစရာရှိလု့လား" ချောင်လောလောက မေးသည်။

သူမ အနည်းငယ် ဘဝင်ခိုက်နေခဲ့၏။ သူမ ယူကေတွင် လေးနှစ်ကြာ ငွေကြေးဆိုင်ရာပညာကို သင်ကြားခဲ့သည်။ ယခုအချိန်တွင် သူမ၏အစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး အောင်မြင်သည့်စီးပွားရေးလုပ်ငန်းနှစ်ကို ဖန်တီးပေးနိုင်ခဲ့သည်။ သိသာစွာပင် သူမသည် သူမ၏အိပ်မက်ဖြစ်သည့် ချောင်မိသားစု အဓိကအဖွဲ့ဝင်လာတော့မည်ပင်။

"ချောင်လောလော ဒီကိုလာခဲ့"

ခေါင်းဆောင်ချောင်က မတ်တပ်ထရပ်ကာ အမူအရာကင်းမဲ့စွာဖြင့် သူမအား လက်ဝှေ့ယမ်းပြလိုက်သည်။

ချောင်လောလော ပြုံးလိုက်၏။ လေထုသည် အနည်းငယ် ထူးဆန်းနေသည်ဟု သူမ ခံစားမိသော်လည်း ထိုအကြောင်းကို သိပ်အများကြီး စဉ်းစားမနေဘဲ ရှေ့သို့ လျှောက်သွားလိုက်သည်။

"ဘိုးဘိုး..."

"ဖြောင်း"

သူမ စကားမဆုံးခင်မှာပင် ချောင်မိသားစုခေါင်းဆောင်က ချောင်လောလော၏မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်သည်။

ခဏအကြာတွင် သူမ၏ဘယ်ဘက်ပါးပြင်၌ အနီရောင်လက်ဝါးရာပေါ်လာသည်။ ချောင်လောလော တုန်လှုပ်သွားပြီး ခေါင်းဆောင်ချောင်အား စိုက်ကြည့်လိုက်သည်။

"ဖြောင်း"

ခေါင်းဆောင်ချောင်က နောက်တစ်ချက် ထပ်လိုက်ရိုက်၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now