စာစဉ်(၃၅) အပိုင်း(၁၁)

170 9 0
                                    

[စာစဉ်(၃၅) အပိုင်း(၁၁)] အခန်း(၄၀၈-ခ) အဆုံးသတ်အောင်ပွဲ(၂)

ရှန်းချီထျန်၏ဝင်္ကပါကြောင့် လူများစွာမှာ စွဲဆောင်ခံလိုက်ရသော်လည်း ဆန့်ကျင်ဘက်ကျောက်တုံးစင်ပေါ်ရှိ လူက မလှုပ်မယှက်ဖြင့် တိတ်ဆိတ်စွာရပ်နေဆဲဖြစ်သည်ကို လူအချို့ မြင်လိုက်ကြရသည်။

"သူ လက်လျှော့လိုက်တာလား"

ရှန်းချီထျန်ပင် သူ့အား ထူးဆန်းစွာကြည့်နေသည်။

"ဟားဟားဟား..."

သူက ရယ်မောရင်း ခေါင်းကိုယမ်းကာ "ထွက်ပြေးဖို့မစဉ်းစားနဲ့။ ဘာလို့လဲဆိုတော့ မင်း ပြေးလွတ်ရင်တောင် ဝင်္ကပါက မင်းနောက်ကလူတွေကို လိုက်မှာပဲ"

"ဒါကို သင်္ကေတလေးခုဝင်္ကပါလို့ခေါ်တယ်။ ငါ ဒါကို ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ လေ့လာခဲ့တာ။ ဒါကို နားလည်ဖို့ နှစ် ၃၀ လောက် အချိန်ယူခဲ့ရတယ်။ ဒီထဲမှာ မိုးပြာနဂါး၊ နှင်းဆီဖင့်ချ်(ဖီးနစ်)၊ ကျားဖြူနဲ့ လိပ်နက် ဆိုတဲ့ ဝိဉာဉ်လေးခုပါတယ်။

ငါ ဒါကို ဂရန်းမာစတာအလယ့်အဆင့် သိုင်းပညာရှင်သုံးယောက်ကို သတ်ဖို့ သုံးခဲ့ဖူးတယ်။

အခုမှ ဒီဝင်္ကပါကို အပြည့်အဝ တတ်ကျွမ်းသွားခဲ့တာ။ သူ့ရဲ့စွမ်းအားအစစ်အမှန်ကို ပထမအဆုံးအကြိမ် အသုံးခံရတဲ့အတွက် မင်း ဂုဏ်ယူင့်တယ်"

ရှန်းချီထျန်၏စကားကြောင့် ရောက်ရှိနေသည့်လူများအားလုံး တုန်လှုပ်သွားကြသည်။

ဂရန်းမာစတာတစ်ယောက်ဆိုလျှင် အသံဝင်လုနီးပါးပင်။

"အဲဒါ သင်္ကတလေးခုဝင်္ကပါပဲ။ လုံးဝအပြည့်အဝကို ပေါင်းစည်းထားတာ။ ဒါက...ဝင်္ကပါဖွဲ့စည်းပြီးသွားပြီ။ ခေါင်းဆောင်ရှန်းက တကယ်သတ်ချင်နေတာဆိုရင် ဝမ်မိသားစုကလူတွေအားလုံး ဒုက္ခရောက်တော့မယ်"

သူ၏စကားကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိလူတိုင်း အံ့ဩသွားကြသည်။

"ဝင်္ကပါတစ်ခုက ဒီလောက်စွမ်းအားကြီးနိုင်တယ်ပေါ့"

"အိုး မဖြစ်ဘူး"

ဝမ်ကျန်းဖန်းနှင့် အခြားသူများ၏မျက်နှာမှာ ချက်ချင်းဖြူဖျော့သွားပြီး သူတို့၏ခန္ဓာကိုယ်များက တုန်ယင်သွားသည်။ ထိုဝင်္ကပါ၏စွမ်းအားအကြောင်းကို သူတို့လည်း ကြားဖူး၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now