စာစဉ်(၃၆) အပိုင်း(၁၂)

154 11 1
                                    

[စာစဉ်(၃၆) အပိုင်း(၁၂)] အခန်း(၄၁၇-ခ) မှော်ဆေးပညာ(၂)

တာဟေးနှင့် မုန့်မုန့်မှာ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းဟန်က ပြုံးကာ ခေါင်းယမ်းလိုက်ပြီး တာဟေးအား ချက်ချင်းခေါ်၍ ဆေးလုံးပေးရန်အကြံကို စွန့်လွှတ်လိုက်သည်။

"ဒါဆို ငါ ခွန်လောင်ဆေးလုံးကို လုပ်ရမယ်"

ကျန်းဟန်၏အစီအစဉ်အရ သူသည် မနက်ပိုင်းတွင် ဟဲယွမ်မှော်ဆေးလုံးနှင့် ခွန်းလောင်မှော်ဆေးလုံးကို တာဟေးနှင့် ရှောင်ဟေးအတွက် ပြုလုပ်ပေးပြီး နေ့လည်ခင်းတွင် အခြားဆေးလုံးများကို ပြုလုပ်မည်ဖြစ်သည်။

ထိုအချိန်မှာပင် ကျောက်ဖုန်းက လျှောက်လာပြီး "ဆရာ လွန်ခဲ့တဲ့နာရီဝက်လောက်က လျန်ဟောင် ဆက်သွယ်လာတယ်။ သူနဲ့ မာစတာဟဲက တောင်ခြေမှာ ရောက်နေပြီ။ ဆရာက ဆေးလုံးဖော်စပ်နေတာဆိုတော့ ကျွန်တော် သူတို့ကို တောင်ပေါ်တက်ခွင့်မပေးရသေးဘူး"

"အင်း သူတို့ကို ဒီကိုခေါ်လိုက်ပါ" ကျန်းဟန်က ပြောသည်။ သူ အနားယူတော့မည်ဖြစ်၏။

ဝမ်မင်နှင့် ကျောက်ဖုန်းတို့၏အမြင်တွင်တော့ ယခု ဆေးလုံးဖော်စပ်ခြင်းလုပ်ငန်းစဉ်မှာ အလွန်အေးဆေးပေါ့ပါးနေသည်။

သို့သော် တကယ်တမ်းတွင် ကျန်းဟန်မှာ အလွန်လေးနက်၏။ စိတ်ဝိဉာဉ်ဆေးပင်များစွာရှိသော်လည်း အများစုမှာ တတိယအဆင့်အောက်တွင်ရှိကြပြီး မီးဖိုပေါက်ကွဲသွားပါက ကျန်းဟန် ၎င်းတို့ကို နောက်တစ်ကြိမ် ရှာဖွေရမည်ဖြစ်သည်။ ထို့ကြောင့် တစ်နာရီကျော်ကြာ သန့်စင်ခြင်းလုပ်ငန်းစဉ်တွင် အာရုံစူးစိုက်ထားသည်ဖြစ်ရာ အလွန်ပင်ပန်း၏။

ဟဲယွမ်မှော်ဆေးလုံးကို သန့်စင်ပြီးသော်လည်း ခွန်းလောင်ဆေးလုံးကို သန့်စင်ရန်မှာ ခက်ခဲနေဆဲဖြစ်သည်။ ထို့ကြောင့် ကျန်းဟန်သည် ခဏအနားယူပြီး သူ့ကိုယ်သူ အားပြန်ဖြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဤအချိန်အတွင်း၌ ဟဲချန်က ရောက်ရှိလာခြင်းဖြစ်ရာ ကျန်းဟန်က သူတို့နှင့် အရင်ဆုံးတွေ့ရန် ဆုံးဖြတ်လိုက်သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now