စာစဉ်(၃၇) အပိုင်း(၈)

160 9 0
                                    

[စာစဉ်(၃၇) အပိုင်း(၈)] အခန်း(၄၂၃)အံ့အားသင့်နေသည့် ဇီရှီးယာ

ဇီရှီးယာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ရှေ့သို့ လျှောက်သွားလိုက်၏။

"အစ်မ" ဇီရှီးယာ ဇီယန်ကို အဝေးမှ လှမ်းနှုတ်ဆက်သည်။

"ညီမလေး မတွေ့တာကြာပြီနော်" ဇီယန်က သူမအား ပြန်ပြုံးပြသည်။

"သူက ဘယ်လူလဲ" ကျန်းဟန်ကိုမြင်သည့်အခါ ဇီရှီးယာက မေးသည်။

ယုဝေနှင့် လျိုရှားရှားတို့ သိချင်စိတ်ပြင်းစွာ ဇီယန်ကို စိုက်ကြည့်ရင်း တုံ့ဆိုင်းနေကြသည်။ နေကာမျက်မှန်အောက်မှ ပါးပြင်နှင့် မိုးမခနှုတ်ခမ်းလေးများမှနေ၍ နှာများသွယ်သွယ် နှာတံမြင့်မြင့်အထိ နတ်သမီးတစ်ပါး၏ဖော်ပြချက်များအားလုံးကို သူတို့ တွေ့လိုက်ရသည်။

သူတို့ရှေ့မှ အမျိုးသမီးက တကယ်ပဲ ဇီယန်ဖြစ်ကြောင်း သိကြသည်။

ဒါဆို... သူ့ဘေးက ကလေးမလေးကိုချီထားတဲ့သူက ဘယ်သူလဲ...

ဇီရှီးယာ၏မေးခွန်းကြောင့် သူတို့လည်း ကျန်းဟန်ကို ကြည့်လိုက်ကြသည်။

"သူက သမီးရဲ့ဖေဖေ" မုန့်မုန့်က နှုတ်ခမ်းလေးဟကာ ပြောသည်။

"ဒီနှစ်ယောက်က ညီမရဲ့အတန်းဖော်တွေပဲဖြစ်မယ်" ဇီယန်က ယုဝေနှင့် လျိုရှားရှားကို ကြည့်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ် အစ်မဇီယန်။ ညီမက လျိုရှားရှားပါ"

"တွေ့ရတာဝမ်းသာပါတယ် အစ်မဇီယန်။ ညီမက ယုဝေပါ"

ကောင်မလေးနှစ်ယောက်သည် ကမန်းကတမ်းပြုံဂကာ ဇီယန်အား နှုတ်ဆက်လိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်" ဇီယန်က ခေါင်းညိတ်ကာ ပြန်ပြုံးပြပြီး "ကားပေါ်တက်ကြလေ။ ပြန်ကြရအောင်"

ဇီယန်သည် သူမ၏ညီမကို Rolls-Royce Phantom ကားရှည်ပေါ် ခေါ်သွားပြီး လျိုရှားရှားနှင့် ယုဝေတို့သည်တော့ အားဟူမောင်းသည့် Rolls-Royce Phantom ပေါ် တက်ပြီး သူတို့နောက်မှ လိုက်လာခဲ့ကြသည်။

ကားနှစ်စီးသည် လဆန်းပင်လယ်ကွေ့သို့ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now