စာစဉ်(၃၉) အပိုင်း(၈)

139 9 0
                                    

[စာစဉ်(၃၉) အပိုင်း(၈)] အခန်း(၄၄၀-ခ) ဝင်တိုက်ပြီးနောက်အမွေအနှစ်တစ်ခု ထွက်လာခြင်း(၂)

"၁၀ မိနစ်အတွင်း လေနက်ကျွန်းကိုဝင်တိုက်လိမ့်မယ်ထင်တယ်။ အဲဒါကြီး ရပ်သွားရင်ကောင်းမယ်။ လေနက်ကျွန်းကို ဖြတ်သွားပြီးရင် နှစ်နာရီအတွင်း အဓိကကုန်းမြေကို ဝင်တိုက်မိပြီး အဲဒီအချိန်ကျ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်" စုလုံက လေးနက်စွာပြောသည်။ "ဒါရိုက်တာကျန်း ဒါနဲ့ပတ်သက်ပြီး အသေးစိတ်အချက်တွေများ သိသလားမသိဘူး"

စုလုံ၏ ပတ်ဝန်းကျင်ရှိလူတိုင်း တိတ်ဆိတ်သွားသည်။ သူတို့ ကျန်းဟန်ကိုသာ ကြည့်နေကြပြီး သူ၏အဖြေစကားကို စောင့်နေကြသည်။

ပင်လယ်ထဲရှိ သင်္ဘောကြီးသည် အလွန်ကြီးမားပြီး ထူးဆန်းလွန်းသောကြောင့် ဇီယန်ပင် အနည်းငယ် ကြောက်ရွံ့နေလေသည်။

လူတိုင်း၏အကြည့်အောက်တွင် ကျန်းဟန်သည် ရေအောက်သင်္ဘောကြီးကို ကြည့်လိုက်၏။ ရုတ်တရက် သူ၏မျက်လုံးများ တောက်ပလာသည်။

"အဲဒါက ကျိန်စာသင့်လှေတစ်စီးပဲ"

ကျန်းဟန်က ဖြည်းညှင်းစွာ ပြောသည်။

"လှေပါ်မှာ တစ်ခုခုအိပ်ပျော်နေတယ်ထင်တယ်။

အဲဒါက အသိစိတ်မဲ့နေပြီး အလိုလိုကျက်စားနေတဲ့ပုံရတယ်။

လက်ရှိအခြေအနေအရကြည့်မယ်ဆိုရင် သူ့ရဲ့ဦးတည်ရာက လေနက်ကျွန်းပဲ။

ကျိန်စာနဲ့ပတ်သက်ပြီးတော့ကတော့ လှေပေါ်တက်ကြည့်မှပဲ ခံစားကြည့်နိုင်မှာ။ ဒါပေမယ့် အခု သိပ်မသေချာဘူးဆိုတော့..."

စကားပြောပြီးနောက် ကျန်းဟန်သည် စွန့်စားခြင်းမပြုလိုကြောင်း ပြသသည့်အနေဖြင့် အသာခေါင်းယမ်းပြလိုက်သည်။ တစ်နည်းဆိုရသော် သင်္ဘောသည် ကျန်းဟန်အား အနည်းငယ် ထိတ်လန့်စေခဲ့သည်။ လက်ရှိ သူ၏ခွန်အားဖြင့် ၎င်းကို ဘေးကင်းစွာဖြင့် ထိနိုင်မည်မဟုတ်ကြောင်း သူသိသည်။

ယခုပင် ကျန်းဟန်သည် သူ၏ရတနာအနံ့ခံနှာခေါင်းကို အသုံးပြုပြီး ကီလိုမီတာအနည်းငယ်အတွင်းက လေထုကို အနံ့ခံကြည့်သည်။ သို့သော် သူ၏စိတ်ဝိဉာဉ်အာရုံက ရေအောက်ထဲရှိလှေကို ဝန်းရံထားသော အနက်ရောင်မြူခိုးများအား မထိုးဖောက်နိုင်ချေ။ မည်သို့ပင်ဖြစ်စေကာမူ...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now