စာစဉ်(၄၀) အပိုင်း(၃)

114 9 0
                                    

[စာစဉ်(၄၀) အပိုင်း(၃)] အခန်း(၄၄၆-က) ကျားပါးစပ်ထဲမှအစာကိုလုယူခြင်း(၁)

ထိုအချိန်တွင် သူ့ပတ်ပတ်လည်ရှိ လူ ၁၀၀ နီးပါး၏မျက်လုံးများမှာ ကျန်းဟန်အား စိုက်ကြည့်နေကြသည်။

သူ၏အမူအရာကို ရှင်းရှင်းလင်းလင်မြင်နိုင်သူများမှာ သူသည် တစ်ချိန်လုံး အမူအရာကင်းမဲ့စွာ တည်ငြိမ်နေကြောင်း သတိပြုမိကြသည်။

သူက အမှန်တကယ်ပင် ဖြတ်သွားဖြတ်လာပုံစံမျိုး ပြုမူခဲ့ပြီး နာမည်ကြီး ဖာဂျာရာကို သတ်ခဲ့တာ သူ မဟုတ်သလိုပင်။

ပွဲကြည့်ပရိသတ်များမှာ အံ့ဩလွန်းမှုကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။

အထူးသဖြင့် စုမူသည် ကျန်းဟန်ကို စိုက်ကြည့်နေပြီး စိတ်ဓာတ်ကျနေ၏။

သူက တကယ့်ပါရမီရှင်တစ်ယောက်ပဲ။ ငါက သူနဲ့ယှဉ်ရင် အများကြီးကိုညံ့တယ်။ သူက အရမ်းအစွမ်းထက်လွန်းတယ်...

အကယ်၍ သူသာဆိုလျှင် ထိုထူးဆန်းသည့်တိုက်ခိုက်မှုကို သုံးကြိမ်သာ ခုခံနိုင်မည်ဖြစ်ပြီး ဖာဂျာရာကို သူ ရှုံးနိမ့်သွားရသတ်ရဲမှတော့ မင်းက ဘာမှဟုတ်တဲ့သူ မဖြစ်နိုင်ဘူး။ မင်းနာမည်ကို ပြောရဲလား"

သူ၏စကားကိုကြားတော့ ကျန်းဟန် ခဏတန့်သွားသည်။

ဇီယန်သည် ရက်စက်ပုံရသည့်ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းဟန်အား ပို၍တင်းကြပ်စွာဖက်လိုက်သည်။

သူက အရမ်းရက်စက်တာပဲ...

သူတို့နောက်ရှိ နည်းပြလျိုက လှည့်ကြည့်ပြီး အနက်ရောင်လူကို အထက်အောက်စုံဆန်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "ဘာလဲ။ မင်းက လက်စားချေချင်လို့လဦး။ မင်းကို အခု ပစ်လိုက်စေချင်လို့လား"

"ဟမ်" ကာကွယ်သူမှာ မျက်မှောင်ကြုတ်သွားသည်။

ချီစွမ်းအားမာစတာအဆင့်ပဲရှိတဲ့ မင်းက ဘာတွေလာပြောနေတာလဲ...

တစ်ဖက်တွင် စုမူ၏မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏မျက်လုံးများတွင် လက်ခနဲဖြစ်သွားသည်။ ၎င်းက သူသည် နတ်ဆိုးလေဂိုဏ်းမှ ထိုလူများအားလုံးကို သတ်ပစ်လိုကြောင်း ပြသနေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now