စာစဉ်(၃၂) အပိုင်း(၁၄)

156 14 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁၄)

အခန်း(၃၈၆-ခ)ထပ်မံရှုံးနိမ့်ခြင်း(၂)

ချောင်လောလောသည် ပေါ့ပေါ့ပါးပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ကားပေါ်မှဆင်းကာ စားသောက်ဆိုင်သို့ တန်းတန်းမတ်မတ်လျှောက်သွား၏။ သူမ၏နောက်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်လူတစ်ဦး လိုက်ပါလာသည်။

အနီးနားရှိလူအချို့က သူမအား မှတ်မိသွားပြီး တီးတိုးပြောကြသည်။

"အဲဒါ မနေ့က တန်းစီတဲ့ မိန်းမလှလေးမဟုတ်လား"

"သူမက ဘန်တလေနဲ့ ရောက်လာပြီး ဆိုင်ထဲကို တန်းဝင်သွားတယ်။ ဟူး... သူမက ၁၈ ယောက်မြောက် အဖွဲ့ဝင်ဖြစ်လိမ့်မယ်"

"သူမက အရမ်းချမ်းသာတာပဲဟ... အခု စားသောက်ဆိုင်မှာ မန်ဘာကတ် နှစ်ကတ်ပဲ ကျန်တော့တယ်။ လူချမ်းသာတွေရဲ့လောကကို ငါတို့ နားမလည်ပါဘူးကွာ"

"..."

စားသုံးသူများ၏တီးတိုးသံများအောက်တွင် သူတို့နှစ်ယောက် ဆိုင်ထဲဝင်သွားကြ၏။ မန်ဘာကတ်ကို သူမ၏လက်အောက်ငယ်သားအား ပေးအပ်ကာ စားစရာအတွက် တန်းစီစောင့်ဆိုင်းရန် ခိုင်းစေပြီးနောက် ချောင်လောလောသည် ပတ်ဝန်းကျင်အား လိုက်ကြည့်ရင်း နောက်ဆုံးတွင် စန္ဒယားနားရှိ စားပွဲဝိုင်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။

"မစ္စလင်းလား" ချောင်လောလောက ထမင်းစားစားပွဲတွင် ရပ်လိုက်ပြီး လင်းရွှယ်အား ကြည့်ကာ ပြုံး၍ ပြောသည်။ "မတွေ့တာကြာပြီနော်"

"မင်္ဂလာပါ မစ္စချောင်" လင်းရွှယ်က မတ်တပ်ရပ်ကာ သူမအား လက်ဆွဲနှုတ်ဆက်၏။

အဆင့်အတန်းလက္ခဏာအရ ချောင်မိသားစုသည် ဟောင်ကောင်တွင် ဩဇာအရှိဆုံးမိသားစုဖြစ်ပြီး လင်းမိသားစုနှင့် နှိုင်းယှဉ်၍မရချေ။ ထို့ကြောင့် လင်းရွှယ်သည် ချောင်လောလောနှင့် အကြိမ်များစွာ တွေ့ဆုံဖူးသော်လည်း တစ်ယောက်နှင့်တစ်ယောက် မရင်းနီးကြ။

"ဒီမှာ ထိုင်လို့ရမလား" ချောင်လောလောက လင်းရွှယ်၏ရှေ့မှ ခုံကို ညွှန်ပြသည်။

"ရပါတယ်။ ထိုင်ပါ" လင်းရွှယ်က ပြုံးကာပြန်ပြောသည်။

သူမက အဖွဲ့ဝင်အသစ်ပဲ...

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now