စာစဉ်(၃၆) အပိုင်း(၁၃)

155 9 0
                                    

[စာစဉ်(၃၆) အပိုင်း(၁၃)] အခန်း(၄၁၈-က) ဟေးနှစ်ကောင်အဆင့်ချိုးဖြတ်ခြင်း(၁)

ဆေးနှစ်အိုး သန့်စင်ပြီးနောက် အချိန်မှာ ၁၁ နာရီ ၃၀ မိနစ်ရှိပြီဖြစ်သည်။

ကျန်းဟန် နောက်လှည့်ကြည့်လိုက်ရာ မုန့်မုန့်က တာဟေး၏ဗိုက်ပေါ်တွင် ထိုင်နေပြီး ရှောင်ဟေးက တာဟေးကို မှီနေသည်အား တွေ့လိုက်ရသည်။ ယုံကျားရှင်းနှင့်အခြားသူများက ရှောင်ဟေး၏ဘေးတွင်ရှိပြီး သူတို၏ပတ်ပတ်လည်တွင် ခွေးဒါဇင်များစွာရှိသည်။

အလွန်နွေးထွေး ချိုမြိန်သည့်ပုံပင်။ ကျန်းဟန် လျှောက်သွားလိုက်ပြီး မုန့်မုန့်အား ပွေ့ချီလိုက်၏။

ထိုနောက် သူမလေး၏နှင်းဆီရောင်မျက်နှာလေးကို နမ်းကာ ပြုံး၍ ပြောသည်။ "၁၁ နာရီခွဲပြီ။ ဖေဖေတို့ နေ့လယ်စာ ပြန်စားကြမယ်။ ‌နေ့ခင်းကျမှ ဒီကို ပြန်လာကြမယ်လေ"

မုန့်မုန့်က နှုတ်ခမ်းလေးစူပြီး "အင်း အိုကေ။ နေ့ခင်းကျရင် မေမေ့ကို ဒီကိုလိုက်ခဲ့ဖို့ပြောမယ်"

"ဒါဆို ပြန်ကြရအောင်။ ရှောင်ဟန် ငါဖမ်းလာတဲ့ငါးတွေကိုကြည့်ဦး။ ဘယ်ငါးကို မလိုအပ်ဘူးလဲ ကြည့်ကြည့်။ မလိုတဲ့ကောင်တွေကို ပြန်လွှတ်လိုက်မယ်" ဝမ်မင်က ရေပုံးကို ယူလာသည်။ အထဲတွင် ငါးများရှိနေပြီး ချင်းကျန်းငါးကြီးသုံးကောင်၊ ငါးခူနှစ်ကောင်၊ မြက်ငါးကြင်းတစ်ကောင်နှင့် ခရှုရှန်ငါးလေးအချို့ရှိသည်။ မုန့်မုန့်က မနက်က စားချင်သည်ဟု ပြောထားသောကြောင့် အထဲတွင် ပုဇွန်က ပိုများနေသည်။ ဝမ်မင်က ၎င်းကို စိတ်ထဲမှမှတ်ထားပြီး သူမလေးအတွက် တမင်သက်သက် ပုဇွန်များကို ပိုဖမ်းပေးထားသည်။

ယုံကျားရှင်းနှင့် ဝမ်မင်တို့နှစ်ဦးစလုံးသည် မုန့်မုန့်အား သူတို့၏မြေးမလေးအဖြစ် မှတ်ယူထားကြသည်။ ဝမ်ရက ခင်ပွန်းကောင်းတစ်ယောက်နှင့် တွေ့ဆုံပြီး ချစ်စရာကောင်းသည့် သားလေးတစ်ယောက် မွေးလာဖို့လည်း မျှော်လင့်ကြသည်။ မုန့်မုန့်ကဲ့သို့ ချစ်စရာကောင်းသည့် သမီးလေးဆိုလည်း အဆင်ပြေသည်။

သို့သော် ဝမ်ရသည် နာကျင်စရာဆက်ဆံရေးတစ်ခုကို ကျော်ဖြတ်ပြီးခါစဖြစ်ပြီး သင့်တော်သည့်အချိန်မဟုန်သေးမှန်း သူတို့သိကြ၏။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now