စာစဉ်(၄၀) အပိုင်း(၆)

110 8 0
                                    

[စာစဉ်(၄၀) အပိုင်း(၆)] အခန်း(၄၄၇-ဂ) စတုတ္ထအဆင့်အပြာရောင်အေးငြိမ်းခြင်းဝါး(၃)

ထို့ကြောင့် စုလုံသည် ကျန်းဟန်အား ကူညီဖုံးကွယ်ပေးနေရန် မလိုအပ်ချေ။ ထိုအစား သူက ကျန်းဟန်အား လူအများရှေ့တွင် ဂုဏ်ပြုပေးခဲ့သည်။

"ကျေးဇူးပါ" ကျန်းဟန်က ခေါင်းညိတ်ပြပြီး ဇီယန်၏လက်ကိုဆွဲကာ ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်သည်။ သူတို့ ပင်လယ်ပြင်ပေါ်တွင် လမ်းလျှောက်ကာ မီတာ ၅၀ အေကွာရှိ သင်္ဘာဆီသို့ ပြန်လာခဲ့ကြသည်။

"ဟားဟားဟား... မာစတာစု။ ခင်ဗျား ဒါကို မြင်ဖူးလား။ ဒါက ထွတ်မြတ်ရတနာတစ်ခုပဲ" နည်းပြလျိုက အပြာရောင်အေးငြိမ်းခြင်းဝါးကို အားပြင်းပြင်းဖြတ့် ပုတ်လိုက်ပြီး စုလုံအား ဂုဏ်ယူစွာဖြင့် ကြွားပြလိုက်သည်။ ထိုနောက် သူ ဆက်ပြောသည်။ "ကျွန်တော်လည်း သွားတော့မယ်"

ထိုနောက်တွင် သူ လှုပ်ရှားလိုက်ပြီး ပင်လယ်ပေါ်ပြင်ပေါ်မှ ပြေးသွားပြီး မီတာ ငါးဆယ်အကွာသို့ ရောက်သွားကာ သင်္ဘောပေါ်သို့ အလွယ်တကူတက်သွားသည်။

အားဟူလည်း သူ့နောက်မှလိုက်သွားပြီး သင်္ဘောပေါ်သို့ လျင်မြန်စွာတက်လိုက်သည်။

ပတ်ဝန်းကျင်ရှိလူတိုင်းက နည်းပြလျိုအား အံ့ဩစွာကြည့်နေသည်။

၎င်းက ထွတ်မြတ်အဆင့်ရတနာဖြစ်သည်။ ၎င်းကို သူဘယ်လိုလုပ် အားပြင်းပြင်းနဲ့ ထိုးရဲရသနည်း။ မတော်တဆ ကွဲသွားမည် မည်သို့လုပ်မည်နည်း။

စုလုံ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

နည်းပြလျိုက ထိုကဲ့သို့ ကွားဝါသွားသည်ကို သူ အမှန်တကယ်ပင် မနာလိုအားကျဖြစ်မိကြောင်း ဝန်ခံပေသည်။

မကြာမီတွင် ကျောက်ဖုန်း၊ ဝမ်ကျန်းဇုန်နှင့် ဝမ်မင်တို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြ၏။

အသိတစ်ယောက်ကိုတွေ့တိုင်း နည်းပြလျိုသည် အပြာရောင်အေးငြိမ်းခြင်းဝါးကို ပုတ်ပြကာ "ဒါဘာလဲ သိလား" ဟု မေးလေသည်။

သို့သော်...

ဝမ်ကျန်းဇုန်မှာ ရယ်ချင်နေပြီး ပြောလိုက်၏။ "ငါသူ့ဘေးမှာရပ်နေတာ ငါ့ကို သူမသိဘူးလား"

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now