စာစဉ်(၃၄) အပိုင်း(၅)

155 14 0
                                    

[စာစဉ်(၃၄)အပိုင်း(၅)]အခန်း(၃၉၆-က)အရမ်းငယ်သေးတယ်(၁)

"ဘာလဲ။ မာစတာဟုန် သေပြီလား"

"အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

"သူ ဘယ်လိုလုပ်လိုက်တာလဲ။ သူ့မျက်လုံးအကြည့်နဲ့ သတ်လိုက်တာလား"

"သူ့ကို ဘယ်လိုသတ်လိုက်တာလဲ ငါတို့ မြင်တောင်မမြင်လိုက်ရဘူး။ အရမ်းကြောက်ဖို့ကောင်းလွန်းတယ်"

၎င်းကို မြင်လိုက်ရသည့်လူများမှာ ကိုယ့်မျက်လုံးကို မယုံနိုင်ကြချေ။

"မီတာ ၂၀ အကွာကနေ သူ့လက်ဝါးကို အသာလေးလှုပ်လိုက်တာ ဝူတာအိုဂရန်းမာစတာတစ်ယောက် ချက်ချင်းသေသွားတယ်။ အဲဒါ ဘယ်လိုစွမ်းရည်လဲ"

သိုင်းပညာရှင်မဟုတ်သူများနှင့် အဆင့်နိမ့်သိုင်းပညာရှင်များမှာ ၎င်းကို နားမလည်နိုင်ကြ။

ချီစွမ်းအားမာစတာများမှာ ထိုမြင်ကွင်းကိုမြင်ပြီးနောက် လျှာကိုက်မိသွားကြသည်။

"ဘယ်လိုမွန်းစတားလဲဟ"

ထိုအချိန်တွင်က မာစတာဟုန်၏ခန္ဓာကိုယ်တစ်ဝိုင်တွင် အလွန်အမင်းစွမ်းအားကြီးသည့် စွမ်းအင်တစ်ခု ရုတ်ချည်းပေါ်ထွက်လာကြောင်း သူတို့ ရိပ်ခနဲ ခံစားမိလိုက်ကြသည်။ ၎င်းက သူ့အား ချက်ချင်း ဖိညှစ်သွားပြီး ခုခံရန်အချိန်မရလိုက်။

ထို လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်က သူတို့အား ကြောက်လန့် အေးခဲသွားစေသည်။

ထိုလူသာ သူတို့နှင့်တိုက်ခိုက်ပါက သူတို့အားလုံး သေပြီဟု တွေးလိုက်မိကြသည်။

ရောက်ရှိနေသည့်ဝူတာအိုဂရန်းမာစတာများအတွက်ကတော့...

သူတို့လည်း အလွန်ရှော့ခ်ရသွားကြသည်။

ဖုန်းရွှေပညာရှင်ဂရန်းမာစတာဖန်းယုရှန်၏မျက်လုံးများမှာ ပြူးကျယ်နေ၏။

"အဲ့လိုမျိုးပဲ... ဒီတိုက်ပွဲက ဟဲချင်းတန်နဲ့ လဲ့ထျန်းနန်ရဲ့ကြားက မဟုတ်ဘူး။ သူပဲ..."

ဘယ်ဘက်အစွန်ဆုံးရှိ လင်းထျန်ဓားဂိုဏ်းမှ ဂရန်းမာစတာလန်သည် ကျန်းဟန် လက်မြှောက်လိုက်သည်ကိုမြင်ပြီးနောက် သူမ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now