စာစဉ်(၃၉) အပိုင်း(၁၄)

128 7 0
                                    

[စာစဉ်(၃၉) အပိုင်း(၁၄)] အခန်း(၄၄၄) ဗဟိုနယ်မြေ(၁)

"သူ့လိုလူမျိုးက ရှားတယ်" ကျန်းဟန်က မားဒီ၏နောက်ကျောကို ကြည့်ပြီး ပြုံး၍ ပြောသည်။ "သူ့မှာ ညှာတာတတ်တဲ့စိတ်ရှိပြီး အထင်ကရတစ်ယောက်ဖြစ်လာဖို့ ကံဇာတာရှိတယ်"

"အင်း" ဇီယန်က အသာခေါင်းညိတ်သည်။ သူမ ရှေ့ကို လှမ်းကြည့်ပြီး အံ့ဩစွာပြောသည်။ "ရှေ့က သစ်ပင်တွေက အရမ်းမြင့်တယ်။ အရွက်တွေကလည်း အပြာ၊ အနီ၊ အဖြူ၊ အစိမ်း၊ ပန်းရောင်... အရမ်းလှတာပဲ"

"တစ်ခါတစ်လေ ပိုပြီးလှတဲ့အရာတွေက ပိုပြီးအန္တရာယ်များလေပဲ ဆိုပြီး ဆိုးရိုးစကားရှိတယ်။ ရှေ့က သစ်တောက မြက်ခင်းပြင်ထက် ပိုပြီး အန္တရာယ်များတယ်။ သွားကြည့်ရအောင်" ကျန်းဟန်က ဇီယန်၏လက်ကိုဆွဲကာ သစ်တောထဲသို့ လျှောက်သွားသည်။

"အင်း သွားကြရအောင်။ ဒီအဆောင်တွေကို သိမ်းထားရမယ်" ဇီယန်က အဆောင်စာရွက်တစ်ဒါဇင်ခန့်ကို သူမ၏အိတ်ကပ်ထဲသို့ ညင်သာစွာ ထည့်လိုက်သည်။

"ခြင်ကာကွယ်အဆောင်ကို အရင်စမ်းကြည့်ပါလား" ကျန်းဟန်က ရယ်မောလိုက်ပြီး လက်ချောင်းများကို အသာလှုပ်ရှားလိုက်သည်။ ဇီယန်၏အိတ်ကပ်ထဲမှ အဆောင်စာရွက်ငါးခုမှာ လွင့်ပျံလာပြီး ကြယ်အလင်းအဖြစ်ပြောင်းလဲကာ ဇီယန်အား စက်ဝိုင်းတစ်ခုဖြင့် ဝိုင်းရံပြီး ပျောက်ကွယ်သွားသည်။

မျက်လုံးဖြင့် မမြင်နိုင်သော်လည်း ဇီယန်၏ခန္ဓာကိုယ်အား စွမ်းအင်အလွှာငါးခုဖြင့် ဝန်းရံထားသည်ကို စိတ်ဝိဉာဉ်အာရုံဖြင့် ခံစားနိုင်သည်။

ထိုအခွင့်အရေးကိုယူကာ ကျန်းဟန် အနားယူလိုက်၏။ လက်ရှိတွင် သူ၏စိတ်ဝိဉာဉ်အာရုံမှာ အားနည်းနေပြီး အချိန်ကြာကြာ မသုံးနိုင်ချေ။

ကျန်းဟန်နှင့် ဇီယန်တို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။ နာရီဝက်ခန့်ကြာပြီးနောက် သူတို့ တောထဲသို့ ရောက်လာ၏။

"ဒီကသစ်ပင်တွေက အရမ်းမြင့်တာပဲ" ဇီယန်က မော့ကြည့်ပြီး သစ်ပင်များမှာ ပြင်ပကမ္ဘာကသစ်ပင်များထက် ဆယ်ဆ ပို၍ ကြီးမားသည်ကို တွေ့လိုက်ရသည်။ အကိုင်းအခက်များနှင့် သစ်ရွက်များက ကြပ်ပိတ်နေပြီး နေကိုကာထားကာ သစ်တောတစ်ခုလုံး မှောင်မိုက်သွားစေသည်။

အင်မော်တယ်ဖေဖေ စာစဉ်(၃၁) မှ (၄၀) အထိWhere stories live. Discover now